ကောရိန္တုဩဝါဒစာပထမစောင် 5:3
ငါသည်သင်တို့ထံသို့ကိုယ်တိုင်မရောက်သော် လည်းစိတ်ရောက်လျက်ရှိ၏။ ငါကိုယ်တိုင်ပင် သင်တို့ထံသို့ရောက်နေဘိသကဲ့သို့ ထိုဆိုး ယုတ်သောအမှုကိုပြုသူအားငါတို့အရှင် ယေရှု၏နာမ၌ ယခုပင်ငါတရားစီရင် ပြီ။ သင်တို့စုဝေးကြစဉ်ငါကိုယ်တိုင်ပင် သင်တို့ထံတွင်စိတ်ရောက်ရှိနေမည်။ ငါတို့ ၏အရှင်ယေရှု၏တန်ခိုးတော်အားဖြင့် သင်တို့နှင့်အတူရှိမည်။-
Common Language Bible
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာပထမစောင် 5
Cross References
2 Corinthians 10:1ခရစ်တော်၏စိတ်နှိမ့်ချမှု၊ နူးညံ့သိမ်မွေ့မှုတို့ ကိုအကြောင်းပြု၍ငါသည်သင်တို့အားမေတ္တာ ရပ်ခံပါ၏။ ငါကားသင်တို့ရှေ့မှောက်တွင်ပျော့ ညံ့၍သင်တို့မျက်ကွယ်တွင်မူရဲစွမ်းသတ္တိရှိ သူပေါလုပင်ဖြစ်ပေသည်။-
2 Corinthians 13:2ဒုတိယအကြိမ်ငါလာရောက်ခဲ့စဉ်အခါက ``နောက် တစ်ကြိမ်ငါလာလျှင်သင်တို့အားငါညှာတာလိမ့် မည်မဟုတ်'' ဟုယခင်အပြစ်ကူးခဲ့သူများနှင့် အခြားသူအပေါင်းတို့အားငါကိုယ်တိုင်ကြို တင်သတိပေးခဲ့၏။ ယခုလည်းဤအတိုင်း ပင်အဝေးမှငါထပ်မံ၍သတိပေးလိုက်၏။-
1 Thessalonians 2:17ညီအစ်ကိုတို့၊ ငါတို့သည်သင်တို့ထံမှခေတ္တ ခဏမျှသာခွဲခွာ၍နေခဲ့ရကြ၏။ ယင်းသို့ ငါတို့သည်ကိုယ်ခန္ဓာအားဖြင့်သင်တို့နှင့်ခွဲခွာ ၍နေရသော်လည်း သင်တို့ကိုအဘယ်အခါ၌ မျှမမေ့။ ငါတို့သည်သင်တို့ကိုအလွန်အောက် မေ့သတိရကြသဖြင့် သင်တို့ကိုတစ်ဖန် ပြန်၍တွေ့နိုင်ရန်အထူးကြိုးစားခဲ့ကြ၏။-