ကောရိန္တုဩဝါဒစာပထမစောင် 5:2
သို့ဖြစ်၍သင်တို့သည်အဘယ်သို့ကြွားဝါ နိုင်သနည်း။ သင်တို့သည်ဝမ်းနည်းပူဆွေးသင့် ကြ၏။ ထိုအမှုကိုကူးလွန်သူအားသင် တို့အထဲမှနှင်ထုတ်သင့်သည်။-
Common Language Bible
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာပထမစောင် 5
Cross References
2 Kings 22:19ယေရုရှလင်မြို့နှင့်တကွမြို့သူမြို့သားတို့ အား ဒဏ်ခတ်ရန်ငါခြိမ်းခြောက်သည်ကိုကြား သိသောအခါ သင်သည်ငိုကြွေးကာမိမိအဝတ် ကိုဆုတ်ပြီးလျှင် နောင်တရ၍ငါ၏ရှေ့တော် တွင်စိတ်နှိမ့်ချလျက်နေ၏။ ငါသည်ဤမြို့ကို ပျက်ပြုန်းစေမည်။ ဤမြို့၏နာမည်သည် လူတို့ ကျိန်ဆဲရာလက်သုံးစကားဖြစ်လိမ့်မည်။ သို့ ရာတွင်ငါသည်သင်၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပြီ။-
Ezra 10:1ဧဇရသည်ဗိမာန်တော်ရှေ့တွင်ခေါင်းငုံ့လျက် ငိုကြွေးကာ ဤအပြစ်များကိုဖော်ပြဝန်ခံ လျက်ဆုတောင်းပတ္ထနာပြုနေစဉ် ဣသရေလ အမျိုးသား၊ အမျိုးသမီးနှင့်ကလေးပါ ဝင်သောလူအုပ်ကြီးသည်ငိုကြွေးလျက် သူ့ထံစုရုံးကြကုန်၏။-
Jeremiah 13:17အကယ်၍သင်တို့နားမထောင်ကြပါမူ ငါသည်သင်တို့၏မာန်မာနထောင်လွှားမှု အတွက် ကြိတ်၍ငိုကြွေးမည်။ ငါသည်ဝမ်းနည်းပက်လက်ငိုကြွေးမည်။ ထာဝရဘုရား၏သိုးစုတော်သည်ဖမ်းဆီး ခေါ်ဆောင် သွားခြင်းကိုခံရပြီဖြစ်၍ငါ့မျက်ရည်စီး ကျမည်။
Ezekiel 9:6အသက်ကြီးသူများ၊ ပျိုရွယ်သူယောကျာ်း မိန်းမများ၊ ကလေးအမေများနှင့်ကလေး များကိုသတ်ကြလော့။ သို့ရာတွင်နဖူး တွင်အမှတ်သညာရှိသူတစ်စုံတစ်ယောက် ကိုမျှမထိနှင့်။ ငါ၏ဗိမာန်တော်မှအစ ပြု၍ဆောင်ရွက်လော့'' ဟုမိန့်တော်မူသည် ကိုငါကြားရ၏။ သို့ဖြစ်၍ထိုသူတို့သည် ဗိမာန်တော်တွင်ရပ်လျက်နေသော ဣသရေလ အမျိုးသားအသက်ကြီးသူများကိုဦး စွာသတ်ကြ၏။
1 Corinthians 4:18သင်တို့ထံသို့ငါလာရောက်တော့မည်မဟုတ် ဟုထင်မှတ်ကာ သင်တို့အနက်အချို့သော သူတို့သည်မာနထောင်လွှားလျက်ရှိကြ၏။-