ကောရိန္တုဩဝါဒစာပထမစောင် 7:35
ဤသို့ငါပြောရခြင်းမှာသင်တို့၏အကျိုးကို လိုလား၍ပြောခြင်းဖြစ်၏။ သင်တို့အားချုပ် ချယ်လိုသောကြောင့်မဟုတ်။ သင်တို့အားမှန် ကန်လျောက်ပတ်စွာပြုကျင့်ကြစေရန်နှင့် သခင်ဘုရား၏အမှုတော်ကိုဦးလည်မသုန် အကြွင်းမဲ့ဆက်ကပ်လျက်ထမ်းဆောင်ကြ စေရန်လိုလားသောကြောင့်ဖြစ်၏။
Common Language Bible
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာပထမစောင် 7
Cross References
Luke 8:14ဆူးတောတွင်ကျသည့်မျိုးစေ့ကားနှုတ်ကပတ် တရားတော်ကိုကြားပြီးနောက်စိုးရိမ်ကြောင့် ကြမှု၊ ချမ်းသာကြွယ်ဝမှု၊ ကာမဂုဏ်ခံစားမှု များကလွှမ်းမိုးသဖြင့်အောင်မြင်သောအသီး မသီးနိုင်သူများကိုဆိုလို၏။-
Luke 21:34``သင်တို့သည်ပျော်ရွှင်သောက်စားမူးယစ်ခြင်း၊ လောကီမှုရေးအတွက် စိုးရိမ်ပူပန်ခြင်းတို့ဖြင့် အချိန်မကုန်စေရန်သတိနှင့်နေကြလော့။ ယင်း သို့သတိနှင့်မနေပါမူ တရားစီရင်တော်မူရာ နေ့ရက်သည်ထောင်ချောက်ကျသကဲ့သို့ သင်တို့ အပေါ်သို့ရုတ်တရက်ကျရောက်လိမ့်မည်။ ထို နေ့ရက်သည်ကမ္ဘာပေါ်ရှိလူသားအပေါင်း တို့အပေါ်သို့ကျရောက်လာလိမ့်မည်။-
1 Corinthians 7:5သင်တို့သည်ဆုတောင်းပတ္ထနာအတွက်အချိန် ပေးရန် ကြိုတင်သဘောတူညီချက်အရခေတ္တ ဆိုင်းငံ့ခြင်းမှတစ်ပါး မိမိတို့၏လင်မယား ဝတ်များကိုမပျက်မကွက်ကြစေနှင့်။ ဆုတောင်း ပတ္ထနာပြုချိန်ကုန်ဆုံးသောအခါ၌မူ ပြန် လည်ပေါင်းသင်း၍နေကြလော့။ သို့မှသာလျှင် မိမိတို့၏စိတ်ကိုချုပ်တည်းနိုင်လျက် စာတန် သွေးဆောင်ခြင်းကိုခံနိုင်ကြလိမ့်မည်။
1 Corinthians 7:33သို့ရာတွင်အိမ်ထောင်ရှင်အမျိုးသားမူကား မိမိ၏ဇနီးနှစ်သက်စေရန်စိတ်ဆန္ဒရှိသဖြင့် လောကီမှုရေးကိုအလေးအနက်ထားတတ်၏။-
Ephesians 5:3သင်တို့သည်ဘုရားသခင်၏လူစုတော်ဖြစ် သြဖင့်ကာမဂုဏ်လိုက်စားမှု၊ ညစ်ညမ်းမှုနှင့် လောဘလွန်ကူးမှုအကြောင်းတို့ကိုသင် တို့တွင်ပြောဆိုခြင်းပင်မရှိစေနှင့်။-
1 Timothy 1:10အကျင့်စာရိတ္တပျက်ပြားသူများ၊ လိင်တူ ချင်းကာမဆက်ဆံတတ်သူများ၊ ပြန်ပေး ဆွဲသူများ၊ လိမ်လည်ပြောဆိုတတ်သူများ၊ မမှန်သောသက်သေကိုခံတတ်သူများနှင့် မှန်ကန်သောအယူဝါဒနှင့် ဆန့်ကျင်၍ပြု လုပ်တတ်သူများအတွက်သာလျှင် ပြဋ္ဌာန်း ထားခြင်းဖြစ်ကြောင်းငါတို့သိမှတ်ရကြ ပေမည်။-