2 ဓမ္မရာဇဝင်တတိယစောင် 1:48
`ငါ၏အဆက်အနွယ်ထဲမှတစ်ဦးအားငါ ၏အရိုက်အရာကိုဆက်ခံ၍ နန်းတက်စေတော် မူသည်သာမကငါ့အားလည်း ထိုအမှုကို မြင်နိုင်ခွင့်ပေးတော်မူသောဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရားအား ထောမနာပြုကြစို့' ဟုဆုတောင်းပတ္ထနာ ပြုတော်မူပါ၏'' ဟူ၍ပြန်လည်ဖြေကြား လေသည်။
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 1
Cross References
2 Samuel 7:12သင်ကွယ်လွန်၍ဘိုးဘေးတို့နှင့်အတူသင်္ဂြိုဟ် ခြင်းကိုခံရသောအခါ ငါသည်သင်၏သား တစ်ယောက်ကိုမင်းမြှောက်ကာသူ၏နိုင်ငံ ကိုတည်တံ့ခိုင်မြဲစေမည်။-
1 Kings 2:4သင်သည်ထာဝရဘုရားကိုနာခံလျှင် ကိုယ် တော်သည်ငါ့အားပေးတော်မူသောကတိ တော်ကိုတည်စေတော်မူလိမ့်မည်။ ကိုယ်တော် က`သင်၏သားမြေးတို့သည်ငါ၏အမိန့် တော်တို့ကိုကိုယ်စွမ်းစိတ်စွမ်းရှိသမျှနှင့် တစ်သဝေမတိမ်းလိုက်နာရန်သတိပြု သမျှကာလပတ်လုံး ငါသည်သူတို့အား ဣသရေလပြည်ကိုအုပ်စိုးစေတော်မူ မည်'' ဟုမိန့်တော်မူခဲ့၏။
1 Kings 8:20``ယခုအခါထာဝရဘုရားသည် ထိုကတိ တော်ကိုအကောင်အထည်ပေါ်လွင်စေတော်မူ ပြီ။ ငါသည်ခမည်းတော်ဒါဝိဒ်၏အရိုက် အရာကိုဆက်ခံ၍နန်းတက်ပြီးလျှင် ဣသ ရေလအမျိုးတို့၏ဘုရားသခင်ထာဝရ ဘုရားအားကိုးကွယ်ဝတ်ပြုရန် ဗိမာန်တော် ကိုတည်ဆောက်၍ပြီးလေပြီ။-
1 Chronicles 17:17သို့ရာတွင်ကိုယ်တော်ရှင်သည်ဤထက်မက ပို၍ပင် ကျေးဇူးပြုတော်မူလျက်ရှိပါ၏။ နောင်လာလတ္တံ့သောနှစ်များတွင်ကျွန်တော်မျိုး ၏သားမြေးတို့အတွက် မည်သို့ပြုတော်မူမည် ကိုကတိထားတော်မူပါပြီ။ အို ထာဝရအရှင် ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော် မျိုးအားကြီးမြတ်သူတစ်ဦးအဖြစ်ကြို တင်၍သိမှတ်တော်မူပါပြီ။-
1 Chronicles 29:20ထိုနောက်ဒါဝိဒ်သည်လူတို့အား``သင်တို့၏ ဘုရားသခင်ထာဝရဘုရားကိုထောမနာ ပြုကြလော့'' ဟုအမိန့်ပေးတော်မူ၏။ ထို အခါလူထုတစ်ရပ်လုံးသည် မိမိတို့၏ ဘိုးဘေးများ၏ဘုရားသခင်ဖြစ်တော် မူသောထာဝရဘုရားကိုထောမနာ ပြုကြကုန်၏။ သူတို့သည်ထာဝရဘုရား ၏ရှေ့တော်နှင့်မိမိတို့၏ဘုရင့်ရှေ့တော် တွင်ဦးညွှတ်ပျပ်ဝပ်ကြကုန်၏။
Psalms 34:1ငါသည်ထာဝရဘုရား၏ဂုဏ်တော်ကို အစဉ်မပြတ်ထောမနာပြုမည်။ ကိုယ်တော်အားအခါခပ်သိမ်းထောမနာပြုမည်။