2 ဓမ္မရာဇဝင်တတိယစောင် 19:8
ထို့ကြောင့်ဧလိယသည်ထ၍စားပြီးနောက် သန့်ရှင်းမြင့်မြတ်သောသိနာတောင်သို့ ရက်ပေါင်း လေးဆယ်တိုင်တိုင်ခြေလျင်ခရီးပြုနိုင်သော ခွန်အားကိုရရှိလေသည်။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 19
Cross References
Exodus 19:18ထာဝရဘုရားသည်သိနာတောင်ပေါ်သို့ မီးတောက်မီးလျှံအသွင်ဖြင့်ကြွဆင်းလာ သည်ဖြစ်၍၊ တောင်တစ်ခုလုံးမီးခိုးဖြင့်ဖုံး လွှမ်းလျက်ရှိလေ၏။ မီးဖိုမှမီးခိုးတက် သကဲ့သို့မီးခိုးသည်အထက်သို့တက်၍ တစ်တောင်လုံးပြင်းစွာမြေငလျင်လှုပ် လေ၏။-
Exodus 34:28မောရှေသည်အစာမစား၊ ရေမသောက်ဘဲ အရက်လေးဆယ်ပတ်လုံး ထိုအရပ်တွင်ထာဝရ ဘုရားနှင့်အတူရှိနေ၏။ သူသည်ကျောက်ပြား များပေါ်တွင်၊ ပဋိညာဉ်တည်းဟူသောပညတ် တော်ဆယ်ပါးကိုရေးထားလေ၏။
Deuteronomy 9:18သင်တို့သည်ထာဝရဘုရားအားပြစ်မှား၍ အမျက်တော်ထွက်စေသောကြောင့် ငါသည်တစ်ဖန် ထာဝရဘုရား၏ရှေ့တော်၌ရက်ပေါင်းလေး ဆယ်ပတ်လုံး မစားမသောက်ဘဲပျပ်ဝပ်လျက် နေခဲ့၏။-
Daniel 1:15အချိန်စေ့သောအခါသူတို့သည်ပွဲတော်စာစားသောက်ကြသူများထက် ပို၍ကျန်းမာသန်စွမ်းလျက်ရှိကြောင်းတွေ့မြင်ရလေသည်။-
Matthew 4:2ကိုယ်တော်သည်ရက်လေးဆယ်ပတ်လုံးအစာ ရှောင်လျက်နေပြီးနောက်မွတ်သိပ်၍လာတော် မူ၏။-
Luke 4:2ထိုနေ့ရက်များအတွင်းမည်သည့်အစားအစာ ကိုမျှသုံးဆောင်တော်မမူ။ ထိုနေ့ရက်များ ကုန်လွန်သွားသောအခါကိုယ်တော်သည် မွတ်သိပ်တော်မူ၏။