2 ဓမ္မရာဇဝင်တတိယစောင် 8:53
ကိုယ်တော်သည်အကျွန်ုပ်တို့၏ဘိုးဘေးများ အားအီဂျစ်ပြည်မှထုတ်ဆောင်လာတော်မူစဉ် အခါက ကိုယ်တော်၏အစေခံမောရှေအားဖြင့် မိန့်မှာတော်မူသည့်အတိုင်း ဤသူတို့အားကိုယ် တော်ပိုင်တော်မူသောလူမျိုးတော်ဖြစ်စေရန် လူ မျိုးတကာတို့အထဲကရွေးချယ်တော်မူခဲ့ ပါ၏'' ဟုဆုတောင်းပတ္ထနာပြုတော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 8
Cross References
Exodus 33:16ကိုယ်တော်သည်အကျွန်ုပ်တို့နှင့်အတူကြွ သွားတော်မမူပါလျှင်၊ ကိုယ်တော်သည်ကိုယ် တော်၏လူမျိုးတော်နှင့်အကျွန်ုပ်အားနှစ် သက်ကြောင်းမည်သို့သိနိုင်ပါမည်နည်း။ ကိုယ်တော်သည်အကျွန်ုပ်နှင့်အတူရှိခြင်း ဖြင့်၊ အကျွန်ုပ်တို့သည်ကမ္ဘာပေါ်ရှိလူမျိုး တကာတို့နှင့်ခြားနားကြောင်းကိုသိရ ပါမည်'' ဟုလျှောက်လေ၏။
Deuteronomy 4:34သင်တို့ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်အမျိုးသားတို့လက်မှသင်တို့ကို ကယ်တင်၍ မိမိ၏လူမျိုးတော်အဖြစ်ထုတ် ဆောင်ခဲ့သည်။ အခြားသောဘုရားသည် လူတစ်မျိုးအတွက် ထိုကဲ့သို့ပြုခဲ့ဖူးပါ သလော။ ထာဝရဘုရားသည်မဟာတန်ခိုး တော်ကိုပြတော်မူခြင်း၊ ဘေးဒဏ်နှင့်စစ် ဘေးသင့်စေခြင်း၊ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်သောအမှုတို့ကိုပြခြင်း၊ ကြောက် မက်ဖွယ်သောအမှုတို့ကိုပြုတော်မူခြင်း စသည်တို့ကိုသင်တို့ကိုယ်တိုင်မြင်ခဲ့ရပြီ။-
Deuteronomy 9:26ငါက`အရှင်ထာဝရဘုရား၊ ကိုယ်တော်၏မဟာ တန်ခိုးတော်နှင့်လက်ရုံးတော်အားဖြင့် အီဂျစ် ပြည်မှကယ်တင်ထုတ်ဆောင်ခဲ့သောကိုယ်တော် ၏လူမျိုးတော်ကို သုတ်သင်ဖျက်ဆီးတော် မမူပါနှင့်။-
Deuteronomy 32:9သို့ရာတွင်ကိုယ်တော်သည်ယာကုပ်၏ အဆက်အနွယ်တို့ကို မိမိအတွက်ရွေးချယ်တော်မူ၏။
Deuteronomy 33:26ဣသရေလအမျိုးသားတို့၊ သင်တို့၏ဘုရား သခင်နှင့် နှိုင်းယှဉ်အပ်သောအခြားဘုရားမရှိ။ ကိုယ်တော်သည်ဘုန်းကျက်သရေကိုဆောင်လျက် မိုးတိမ်ကိုစီး၍၊ကောင်းကင်ကိုဖြတ်ကျော်ပြီးလျှင် သင်တို့ကိုကူမရန်ကြွလာတော်မူ၏။
Jeremiah 10:16ယာကုပ်၏ဘုရားသခင်ကားရုပ်တုများ ကဲ့သို့မဟုတ်။ ကိုယ်တော်သည်အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်၍၊ ဣသရေလအမျိုးသားတို့ကိုမိမိကိုယ်ပိုင် လူမျိုးတော်အဖြစ်ရွေးချယ်ထားတော်မူ လေပြီ။ ကိုယ်တော်၏နာမတော်ကားအနန္တတန်ခိုးရှင် ထာဝရဘုရားပေတည်း။