2 ဓမ္မရာဇဝင်ပထမစောင် 19:10
ရှောလုသည်မိမိ၏လှံတံတော်ဖြင့်ဒါဝိဒ် အားနံရံတွင်ကပ်၍နေအောင်ထိုးလိုက် သော်လည်း ဒါဝိဒ်ရှောင်တိမ်းလိုက်သဖြင့် လှံတံသည်နံရံတွင်စိုက်လျက်နေ၏။ ဒါဝိဒ် ထွက်ပြေးလွတ်မြောက်သွားလေသည်။
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 19
Cross References
1 Samuel 18:11``ငါသည်သူ့အားနံရံနှင့်ကပ်နေအောင်ထိုး သတ်အံ့'' ဟုကြံစည်ကာနှစ်ကြိမ်တိုင်တိုင် လှံနှင့်ပစ်သော်လည်း နှစ်ကြိမ်စလုံးပင်ဒါဝိဒ် ရှောင်တိမ်းလိုက်နိုင်၏။
1 Samuel 20:33ရှောလုသည်ယောနသန်အားထိမှန်စေရန် လှံတံတော်နှင့်ပစ်လိုက်လေသည်။ ထိုအခါ ယောနသန်သည် မင်းကြီးအကယ်ပင်ဒါဝိဒ် အားသတ်ရန်စိတ်ပိုင်းဖြတ်ထားတော်မူ ကြောင်းကိုသိလေ၏။-
Psalms 18:17ကိုယ်တော်သည်ငါပြိုင်၍မရနိုင်သည့် အင်အားကြီးသောရန်သူများ၏လက်မှ လည်းကောင်း၊ ငါ့ကိုမုန်းသောသူအပေါင်းတို့လက်မှလည်းကောင်း ငါ့ကိုကယ်တော်မူ၏။
Psalms 37:32သူယုတ်မာသည်သူတော်ကောင်းအားချောင်းမြောင်း၍ သတ်ရန်ကြိုးစားတတ်၏။
Proverbs 21:30ထာဝရဘုရားတဘက်၌ ဥာဏ်မတည်၊ ပညာ မတည်၊ အကြံတစုံတခုမျှ မတည်နိုင်။
Hosea 6:4သို့ရာတွင်ထာဝရဘုရားက``ဣသရေလ အမျိုးသားနှင့်ယုဒအမျိုးသားတို့၊ သင် တို့ကိုငါမည်ကဲ့သို့စီရင်ရမည်နည်း၊ ငါ့ အားသင်တို့ထားသောမေတ္တာသည်နံနက် ဆီးနှင်းကဲ့သို့လည်းကောင်း၊ နှင်းပေါက်ကဲ့ သို့လည်းကောင်းပျောက်လွယ်လှ၏။-