2 ဓမ္မရာဇဝင်ပထမစောင် 23:20
အရှင်မင်းကြီး၊ ကိုယ်တော်သည်သူ့အားအလွန် ပင်ဖမ်းဆီးရမိလိုကြောင်းကိုအကျွန်ုပ်တို့ သိကြပါ၏။ သို့ဖြစ်၍အကျွန်ုပ်တို့၏နယ် သို့ကြွတော်မူပါ။ သူ့အားဖမ်းမိရန်အကျွန်ုပ် တို့တာဝန်ယူပါမည်'' ဟုလျှောက်ထားကြ၏။
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 23
Cross References
Deuteronomy 18:6``ဣသရေလနိုင်ငံရှိမည်သည့်မြို့မှမဆို လေဝိအမျိုးသားမည်သူမဆို တစ်ခုတည်း သောကိုးကွယ်ရာဌာနတော်သို့သွားရောက်၍၊-
2 Samuel 3:21အာဗနာကဒါဝိဒ်အား``အကျွန်ုပ်သည်ယခု သွား၍ ဣသရေလအမျိုးသားတစ်ရပ်လုံး ကိုအရှင်မင်းကြီး၏ဘက်သို့ပါအောင်ဆောင် ရွက်ပေးပါမည်။ သူတို့သည်အရှင့်အားမိမိ တို့၏ဘုရင်အဖြစ်အသိအမှတ်ပြုကြ ပါလိမ့်မည်။ ထိုအခါအရှင်သည်မိမိဆန္ဒ ရှိနှင့်ထားသည့်အတိုင်းဣသရေလပြည် တစ်ခုလုံးကိုအုပ်စိုးရပါလိမ့်မည်'' ဟု လျှောက်၏။ ဒါဝိဒ်သည်အာဗနာအား ဘေးမဲ့ထွက်ခွာသွားစေတော်မူ၏။
2 Kings 10:5သို့ဖြစ်၍နန်းတော်အုပ်၊ မြို့ဝန်၊ မြို့မိမြို့ဖ များနှင့်အာဟပ်သားမြေးတို့၏အုပ်ထိန်း သူများကယေဟုထံသို့``အကျွန်ုပ်တို့သည် အရှင်၏အစေခံများဖြစ်သဖြင့် အရှင့် အမိန့်တော်ကိုလိုက်နာရန်အသင့်ရှိပါ၏။ သို့ရာတွင်အကျွန်ုပ်တို့သည်အဘယ်သူကို မျှမင်းမြှောက်ကြလိမ့်မည်မဟုတ်ပါ။ အရှင် သင့်တော်သလိုစီမံတော်မူပါ'' ဟုပြန် စာရေး၍ပို့ကြ၏။
Psalms 112:10သူယုတ်မာတို့သည်ဤအခြင်းအရာကို မြင်သောအခါဒေါသထွက်၍အံသွားခဲ ကြိတ်လျက် ပျောက်ကွယ်သွားကြလိမ့်မည်။ သူတို့၏အလိုဆန္ဒသည်ပျက်ပြားရလိမ့်မည်။
Proverbs 24:15အိုမတရားသောသူ၊ ဖြောင့်မတ်သောသူ၏ အိမ် ကို ချောင်း၍ မကြည့်နှင့်။ သူ၏ ငြိမ်ဝပ်ရာအရပ်ကို မဖျက်နှင့်။