2 ဓမ္မရာဇဝင်ပထမစောင် 30:23
သို့သော်ဒါဝိဒ်က``ညီအစ်ကိုတို့၊ ထာဝရဘုရား ငါတို့အားပေးသနားတော်မူသောပစ္စည်းဥစ္စာများ ကိုသင်တို့ဤသို့မပြုရ။ ကိုယ်တော်သည်ငါတို့ အားဘေးမဲ့လုံခြုံစွာထားတော်မူ၍ ငါတို့မြို့ ကိုချင်းနင်းဝင်ရောက်တိုက်ခိုက်ခဲ့သူတို့အား နှိမ်နင်းနိုင်ခွင့်ပေးတော်မူ၏။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 30
Cross References
Deuteronomy 8:17ထို့ကြောင့်သင်တို့၏အစွမ်းသတ္တိဖြင့်ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာလာသည်ဟူ၍မထင်မမှတ် နှင့်။-
Judges 19:23သို့ရာတွင်အဖိုးအိုသည်အိမ်ပြင်သို့ထွက် ၍``မိတ်ဆွေတို့၊ ကျေးဇူးပြု၍ဤသို့ဆိုးညစ် ဟော့ရမ်းသည့်အမှုကိုမပြုကြပါနှင့်။ ဤ သူသည်ငါ၏ဧည့်သည်ဖြစ်ပါသည်။-
1 Samuel 30:8ထိုအခါဒါဝိဒ်သည်ထာဝရဘုရား အား``အကျွန်ုပ်သည်ဤမြို့ကိုတိုက်ခိုက် လုယက်သူတို့၏နောက်သို့လိုက်ရပါမည် လော။ သူတို့အားဖမ်းဆီးရမိပါမည် လော'' ဟုမေးလျှောက်၏။ ကိုယ်တော်က``သူတို့၏နောက်သို့လိုက်လော့။ သင် သည်သူတို့ကိုဖမ်းဆီးရမိ၍သုံ့ပန်းများ ကိုကယ်ဆယ်နိုင်လိမ့်မည်'' ဟုပြန်လည်မိန့် ကြားတော်မူ၏။
Psalms 44:2ကိုယ်တော်ရှင်ကိုယ်တိုင်အခြားလူမျိုးတို့အား နှင်ထုတ်တော်မူ၍ ကိုယ်တော်၏လူစုတော်အားထိုသူတို့၏ပြည်တွင် နေရာချထားတော်မူကြောင်း၊ လူမျိုးခြားတို့အားအပြစ်ဒဏ်ပေးတော်မူ၍ ကိုယ်တော်ရှင်၏လူစုတော်အားကြီးပွား တိုးတက်စေတော်မူကြောင်းကိုပြောပြပါ၏။
Habakkuk 1:16သူတို့သည်မိမိတို့ပိုက်ကွန်များကြောင့်စားဝတ်နေရေးအတွက်အလွန်ချောင်လည်ကြသဖြင့် ထိုပိုက်ကွန်များအားရှိခိုးဝတ်ပြုကာယဇ်များကိုပင်ပူဇော်ကြပါ၏။