2 ဓမ္မရာဇဝင်ပထမစောင် 5:8
ထို့ကြောင့်သူတို့သည်ဖိလိတ္တိဘုရင်ငါးပါး တို့ထံစေတမန်များလွှတ်၍ဖိတ်ခေါ်ပြီး လျှင်``ဣသရေလအမျိုးသားတို့ကိုးကွယ် သောဘုရား၏ပဋိညာဉ်သေတ္တာတော်ကိုငါ တို့အဘယ်သို့ပြုရကြမည်နည်း'' ဟုမေး ကြ၏။ ဘုရင်တို့က``ဂါသမြို့သို့ပင့်ဆောင်သွား ကြလော့'' ဟုဆိုသဖြင့်ပဋိညာဉ်သေတ္တာ တော်ကိုအခြားဖိလိတ္တိမြို့တစ်မြို့ဖြစ် သောဂါသမြို့သို့ပင့်ဆောင်သွားကြ၏။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 5
Cross References
Joshua 13:3နှင့်တောင်ပိုင်းရှိအာဝိအမျိုးသားတို့ပိုင်တစ် နယ်လုံးကိုသိမ်းယူရန်ကျန်ရှိနေသေးသည်။ (အီဂျစ်ပြည်နယ်နိမိတ်တွင်ရှိသောရှိဟောရ ချောင်းမှ မြောက်ဘက်ဧကြုန်နယ်နိမိတ်အထိ ကျယ်ပြန့်သောနယ်မြေသည် ခါနာန်အမျိုး သားတို့နေထိုင်ရာနယ်မြေဖြစ်၏။ ဖိလိတ္တိ မင်းတို့သည်ဂါဇမြို့၊ အာဇုတ်မြို့၊ ဧရှ ကလုန်မြို့၊ ဂဒ်မြို့နှင့်ဧကြုန်မြို့များတွင် စိုးစံသည်။-)
1 Samuel 5:11ထို့ကြောင့်သူတို့သည်ဖိလိတ္တိဘုရင်အပေါင်း တို့အား တစ်ဖန်ဖိတ်ခေါ်ပြီးလျှင်``ဣသရေလ အမျိုးသားတို့၏ပဋိညာဉ်သေတ္တာတော်ကို ယင်း၏မူရင်းအရပ်သို့ပြန်ပို့လိုက်ကြပါ။ သို့မှသာလျှင်ငါတို့နှင့်တကွငါတို့၏အိမ် ထောင်စုသားများသည်သေဘေးမှကင်းလွတ် ကြပါလိမ့်မည်'' ဟုဆိုကြ၏။ ဘုရားသခင် သည်သူတို့အားပြင်းထန်စွာဒဏ်ခတ်တော် မူသည်ဖြစ်၍တစ်မြို့လုံးပင်ကြောက်လန့် တုန်လှုပ်လျက်နေကြ၏။-
1 Samuel 17:4ဂါသမြို့သားဂေါလျတ်ဆိုသူသည်ဖိလိတ္တိတပ် စခန်းမှထွက်လာပြီးလျှင် ဣသရေလအမျိုးသား တို့အားမိမိနှင့်တစ်ဦးချင်းစစ်ထိုးရန်စိန်ခေါ် လေသည်။ သူသည်အရပ်ကိုးပေ ခန့်မြင့်၍၊-
1 Chronicles 7:21ဇာဗဒ်နှင့်ရှုသေလတို့ဖြစ်၏။ ဧဖရိမ်တွင် ဧဇာနှင့်ဧလဒ်ဟူသောသားနှစ်ယောက်ရှိ သေး၏။ သူတို့သည်ဂါသမြို့နေတိုင်းရင်း သားတို့၏နွားများကို ခိုးယူရန်ကြိုးစား သည့်အတွက်အသတ်ခံရကြ၏။-
Zechariah 12:3သို့ရာတွင်ထိုအချိန်အခါ၌ငါသည် ယေရုရှလင်မြို့ကို လေးလံသောကျောက်တုံး ကြီးသဖွယ်ဖြစ်စေမည်။ ထိုကျောက်ကိုကြိုး စား၍ချီမသည့်လူမျိုးသည်အနာတရ ဖြစ်လိမ့်မည်။ ကမ္ဘာပေါ်ရှိလူမျိုးအပေါင်း တို့သည်ထိုမြို့ကိုဝိုင်းဝန်းတိုက်ခိုက်ကြ လိမ့်မည်။-