2 ဓမ္မရာဇဝင်ပထမစောင် 8:18
ထိုအချိန်ကျရောက်လာသောအခါသင်တို့ သည် မိမိတို့ကိုယ်တိုင်ရွေးချယ်တင်မြှောက် သည့်ဘုရင်ကြောင့်ညည်းညူကြလိမ့်မည်။ သို့ သော်လည်းထာဝရဘုရားသည်သင်တို့၏ ညည်းညူသံကိုနားညောင်းတော်မူလိမ့်မည် မဟုတ်'' ဟုသတိပေးလေ၏။
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 8
Cross References
Job 27:8အဓမ္မလူသည် ဆုံးခြင်းသို့ရောက်၍၊ အသက်ဝိညာဉ်ကိုဘုရား သခင်နှုတ်တော်မူသောအခါ အဘယ် မြော်လင့်စရာရှိသေးသနည်း။
Psalms 18:41သူတို့သည်``ကယ်တော်မူပါ'' ဟု အော်ဟစ်ကြသော်လည်း၊သူတို့အား အဘယ်သူမျှမကယ်နိုင်ပါ။ သူတို့သည်ထာဝရဘုရားကို လျှောက်ထားကြသော်လည်းကိုယ်တော်သည် သူတို့အားထူးတော်မမူပါ။
Proverbs 1:28ထိုအမှုရောက်သောသူတို့သည် ငါ့ကိုခေါ်သော် လည်း ငါမထူး။ ငါ့ကို ကြိုးစား၍ ရှာသော်လည်း မတွေ့ ရကြ။
Isaiah 1:15``သင်တို့လက်အုပ်ချီ၍ဆုတောင်းပတ္ထနာပြုကြသောအခါ ငါသည်သင်တို့အားလှည့်၍ကြည့်တော်မူလိမ့်မည်မဟုတ်။ သင်တို့၏လက်များသည်အပြစ်သွေးစွန်းလျက်နေသဖြင့် သင်တို့အဘယ်မျှပင်ပြင်းပြစွာဆုတောင်းပတ္ထနာပြုကြသော်လည်းငါနားထောင်လိမ့်မည်မဟုတ်။-
Isaiah 59:1ထာဝရဘုရားသည်သင်တို့အားမကယ်နိုင် လောက်အောင်အားအင်ချည့်နဲ့တော်မူသည် မဟုတ်။ ကူမတော်မူပါဟုသင်တို့ဟစ်အော် တောင်းလျှောက်သံကိုမကြားနိုင်လောက်အောင် နားမလေး။-
Micah 3:4သင်တို့သည်ထာဝရဘုရားအားအော်ဟစ် တောင်းလျှောက်ရသောအချိန်ရောက်လာလိမ့် မည်။ ထိုအခါကိုယ်တော်သည်သင်တို့ကို နားညောင်းတော်မူမည်မဟုတ်။ သင်တို့သည် မကောင်းမှုကိုပြုသောကြောင့်ကိုယ်တော်သည် သင်တို့၏တောင်းလျှောက်သံကိုနားညောင်း တော်မူမည်မဟုတ်။