2 ဓမ္မရာဇဝင်ပထမစောင် 8:19
လူတို့သည်ရှမွေလပြောကြားသည်ကိုပမာ ဏမပြုဘဲ``ထိုသို့မဟုတ်ပါ။ အကျွန်ုပ်တို့ သည်အခြားတိုင်းပြည်များမှာကဲ့သို့မိမိ တို့အားအုပ်စိုး၍ မိမိတို့၏စစ်ပွဲများတွင် ရှေ့ဆောင်တိုက်ခိုက်ရန်ဘုရင်ကိုလိုချင်ပါ သည်'' ဟုလျှောက်ကြ၏။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 8
Cross References
1 Samuel 12:12သို့ရာတွင်သင်တို့အားအမ္မုန်ဘုရင်နာဟတ် ကတိုက်ခိုက်မည်ပြုသောအခါ သင်တို့သည် ထာဝရဘုရားအားဘုရင်အဖြစ်မှပစ် ပယ်ကာသင်တို့ကိုအုပ်စိုးမည့်ဘုရင်ကို ခန့်ပေးရန်ငါ့ထံတွင်တောင်းဆိုကြ၏။
Psalms 81:11သို့ရာတွင်ငါ၏လူစုတော်ကားငါ့စကားကို နားမထောင်ကြ။ ဣသရေလအမျိုးသားတို့သည်ငါ့အမိန့်ကို မနာခံကြ။
Isaiah 66:4ထို့ကြောင့်ငါသည်သူတို့ကြောက်လန့်လျက် ရှိသည့်ဘေးအန္တရာယ်ဆိုးကိုပင်သူတို့အပေါ် သို့သက်ရောက်စေတော်မူ၏။ အဘယ်ကြောင့် ဆိုသော်ငါခေါ်သောအခါအဘယ်သူမျှ မထူးကြ။ ငါပြောသောအခါ၌လည်း အဘယ်သူမျှနားမထောင်ကြသော ကြောင့်ဖြစ်၏။ သူတို့သည်ငါ့စကားကို နားမထောင်၊ ဒုစရိုက်မှုပြုရန်ကိုသာ ရွေးချယ်ကြ၏'' ဟုမိန့်တော်မူ၏။
Jeremiah 44:16``ထာဝရဘုရား၏နာမတော်ကိုအမှီပြု ၍သင်ဟောပြောသည့်စကားများကိုငါတို့ နားမထောင်လိုပါ။-