မိက္ခာအနာဂတ္တိကျမ်း 3:4
သင်တို့သည်ထာဝရဘုရားအားအော်ဟစ် တောင်းလျှောက်ရသောအချိန်ရောက်လာလိမ့် မည်။ ထိုအခါကိုယ်တော်သည်သင်တို့ကို နားညောင်းတော်မူမည်မဟုတ်။ သင်တို့သည် မကောင်းမှုကိုပြုသောကြောင့်ကိုယ်တော်သည် သင်တို့၏တောင်းလျှောက်သံကိုနားညောင်း တော်မူမည်မဟုတ်။
Common Language Bible
In The King James Version
In Context
Read all of မိက္ခာအနာဂတ္တိကျမ်း 3
Cross References
Deuteronomy 31:17ထိုအခါ၌ငါသည်အမျက်တော်ထွက်၍ သူ တို့ကိုစွန့်ပစ်သဖြင့်သူတို့သည်ပျက်စီးဆုံးရှုံး ကြလိမ့်မည်။ သူတို့သည်ကြောက်မက်ဖွယ်သော ဘေးဒဏ်များနှင့်တွေ့ကြုံရလိမ့်မည်။ ထိုအခါ သူတို့၏ဘုရားသခင်ဖြစ်တော်မူသောငါသည် သင်တို့နှင့်အတူမရှိတော့သဖြင့် ဤကဲ့သို့ သောဘေးဒဏ်များနှင့်တွေ့ကြုံရသည်ဟု သိမြင်လာကြလိမ့်မည်။-
1 Samuel 8:18ထိုအချိန်ကျရောက်လာသောအခါသင်တို့ သည် မိမိတို့ကိုယ်တိုင်ရွေးချယ်တင်မြှောက် သည့်ဘုရင်ကြောင့်ညည်းညူကြလိမ့်မည်။ သို့ သော်လည်းထာဝရဘုရားသည်သင်တို့၏ ညည်းညူသံကိုနားညောင်းတော်မူလိမ့်မည် မဟုတ်'' ဟုသတိပေးလေ၏။
Psalms 18:41သူတို့သည်``ကယ်တော်မူပါ'' ဟု အော်ဟစ်ကြသော်လည်း၊သူတို့အား အဘယ်သူမျှမကယ်နိုင်ပါ။ သူတို့သည်ထာဝရဘုရားကို လျှောက်ထားကြသော်လည်းကိုယ်တော်သည် သူတို့အားထူးတော်မမူပါ။
Proverbs 28:9တရားမနာ၊ လွှဲသွားသောသူသည် ဆုတောင်း သော်လည်း၊ သူ၏ပဌနာစကားသည် စက်ဆုပ်ရွံရှာဘွယ် ဖြစ်၏။
Isaiah 3:11သူယုတ်မာတို့မူကားအမင်္ဂလာရှိလိမ့်မည်။ မိမိတို့၏ဆိုးယုတ်သည့်အကျင့်အကြံ အပြုအမူများအတွက်အပြစ်ဒဏ်သင့် ကြလိမ့်မည်။
Isaiah 59:3သင်တို့သည်လိမ်လည်ကောက်ကျစ်စွာပြော ဆိုမှု၊ သင်တို့၏လက်များနှင့်လက်ချောင်း များသည် သွေးများပေကျံမှု၊ လူသတ်မှု တို့အတွက်အပြစ်ရှိကြ၏။