သက်သာလောနိတ်ဩဝါဒစာပထမစောင် 1:6
သင်တို့သည်ငါတို့၏ပုံစံနှင့်သခင်ဘုရား ၏ပုံစံတော်အတိုင်းလိုက်လျှောက်ခဲ့ကြ၏။ သင်တို့သည်များစွာဆင်းရဲဒုက္ခရောက်ရ ကြသော်လည်း သန့်ရှင်းသောဝိညာဉ်တော်မှ ရသောဝမ်းမြောက်ခြင်းဖြင့်တရားတော် ကိုခံယူကြ၏။-
Common Language Bible
In The King James Version
In Context
Read all of သက်သာလောနိတ်ဩဝါဒစာပထမစောင် 1
Cross References
Matthew 16:24ထိုနောက်သခင်ယေရှုက ``ငါ့တပည့်ဖြစ်လိုသူ သည်ကိုယ်ကျိုးကိုစွန့်ရမည်။ ကိုယ့်လက်ဝါးကပ် တိုင်ကိုထမ်း၍ငါ့နောက်သို့လိုက်ရမည်။-
John 8:12တစ်ဖန်သခင်ယေရှုကဖာရိရှဲတို့အား ``ငါ သည်လောက၏အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည်အသက်၏အလင်းကိုရ ၍အဘယ်အခါမျှအမှောင်တွင်သွားလာ ရလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
John 14:16ငါသည်ခမည်းတော်အားတောင်းလျှောက် သဖြင့်သင်တို့နှင့်အတူအစဉ်အမြဲရှိ၍ သင်တို့အားမစတော်မူသောအခြား အရှင်တစ်ပါးကိုပေးတော်မူလိမ့်မည်။-
Acts 9:31ထို့ကြောင့်ထိုကာလ၌ယုဒပြည်၊ ဂါလိလဲ ပြည်နှင့်ရှမာရိပြည်အရပ်ရပ်တို့တွင်အသင်း တော်သည်အေးချမ်းစွာနေရလေသည်။ အသင်း တော်သည်သခင်ဘုရားအားကြောက်ရွံ့ရိုသေ သောစိတ်ဖြင့် သက်ရှင်လှုပ်ရှားလျက်သန့်ရှင်း သောဝိညာဉ်တော်၏ကူညီအားပေးမှုဖြင့် တည်တံ့ခိုင်မြဲကာအသင်းသားအရေ အတွက်တိုးတက်များပြားလာလေသည်။
Acts 17:5သို့ရာတွင်ယုဒအမျိုးသားတို့သည် မနာလို စိတ်ရှိသဖြင့်လမ်းပေါ်မှဂျပိုးတေလေများ ကိုခေါ်ယူကာ လူထုကြီးတစ်ရပ်ဖြစ်အောင် စုရုံး၍တစ်မြို့လုံးကိုအုတ်အုတ်သဲသဲဖြစ် စေကြ၏။ သူတို့သည်ယာသုန်၏အိမ်သို့ဝင်၍ ပေါလုနှင့်သိလတို့ကိုလူပရိသတ်ရှေ့သို့ ဆွဲထုတ်ရန်ရှာဖွေကြ၏။-
Romans 8:16ငါတို့သည်ဘုရားသခင်၏သားများဖြစ် ကြကြောင်းကိုဝိညာဉ်တော်ကိုယ်တိုင်ပင်လျှင် ငါတို့၏ဝိညာဉ်နှင့်အတူသက်သေခံတော် မူ၏။-