သက်သာလောနိတ်ဩဝါဒစာပထမစောင် 2:12
ငါတို့သည်သင်တို့ကိုအားပေးစကားပြော ကြားခဲ့ကြ၏။ စိတ်သက်သာမှုကိုရရှိစေခဲ့ ကြ၏။ ကိုယ်တော်၏နိုင်ငံတော်သို့ဝင်ခွင့်နှင့် ဘုန်းအသရေကိုခံယူခွင့်ရနိုင်စိမ့်သောငှာ သင်တို့အားခေါ်ယူရွေးကောက်တော်မူသော ဘုရားသခင်နှစ်သက်တော်မူသည့်အကျင့် မျိုးကိုကျင့်ကြစေရန်တိုက်တွန်းနှိုးဆော်ခဲ့ ကြ၏။
Common Language Bible
In The King James Version
That ye would walk worthy of God, who hath called you unto his kingdom and glory.
In Context
Read all of သက်သာလောနိတ်ဩဝါဒစာပထမစောင် 2
Cross References
Romans 8:28ဘုရားသခင်အားချစ်မြတ်နိုး၍ကိုယ်တော် ၏အကြံတော်နှင့်အညီ ခေါ်ယူရွေးကောက်ခြင်း ကိုခံရသောသူတို့တွေ့ကြုံခံစားရသော အမှုခပ်သိမ်းတို့မှ အကျိုးပေါ်ထွက်လာစေ ရန်ကိုယ်တော်သည်သူတို့နှင့်အတူလုပ်ဆောင် တော်မူကြောင်းငါတို့သိကြ၏။-
Romans 9:23ထို့အပြင်ကိုယ်တော်သည်မိမိကရုဏာထား တော်မူသောငါတို့အား မိမိ၏ကြွယ်ဝသော ဘုန်းအသရေတော်ကိုဖူးမြင်စေရန်လည်း အလိုရှိတော်မူ၏။ ကိုယ်တော်၏ဘုန်းအသရေ တော်ကိုခံစားခွင့်ရစေရန်ကိုယ်တော်ပြင်ဆင် ထားသူများဖြစ်ကြသော ငါတို့အားထို ကြွယ်ဝသောဘုန်းအသရေကိုခံစားစေ တော်မူ၏။-
Galatians 5:16ငါဆိုသည်ကားဝိညာဉ်တော်ညွှန်ကြားသည့် အတိုင်းကျင့်ကြလော့။ လူ့ဇာတိအလိုသို့ မလိုက်ကြနှင့်။-
Ephesians 5:2ခရစ်တော်သည်ငါတို့ကိုချစ်တော်မူ၍ငါတို့ အတွက် မိမိကိုယ်ကိုဘုရားသခင်နှစ်သက် တော်မူရာမွှေးကြိုင်သောယဇ်သကာအဖြစ် ဖြင့်ဆက်သတော်မူသကဲ့သို့ သင်တို့သည် လည်းမေတ္တာတရားကိုကျင့်သုံးကြလော့။
Philippians 1:27ယခုသင်တို့အဖို့အရေးကြီးသည့်အရာမှာ ခရစ်တော်၏တရားတော်နှင့်အညီပြုမူနေထိုင် ကြရန်ပင်ဖြစ်ပေသည်။ သင်တို့ထံသို့ငါပြန် လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေသာသနာ တော်တည်တံ့ကြီးပွားရေးအတွက်ကြံ့ခိုင်စွာ ရပ်တည်၍တစ်စိတ်တစ်သဘောတည်း၊ ရည်ရွယ် ချက်တစ်ခုတည်းဖြင့်သတင်းကောင်းနှင့်ဆိုင် သောယုံကြည်ခြင်းတရားအတွက်သင်တို့တိုက်ပွဲ ဝင်လျက်ရှိကြကြောင်းကိုငါကြားသိလို၏။-
Colossians 2:6သင်တို့သည်ခရစ်တော်ယေရှုအားအရှင် သခင်အဖြစ်လက်ခံခဲ့ကြသဖြင့် ကိုယ်တော် နှင့်တစ်လုံးတစ်ဝတည်းဖြစ်လျက်အသက် ရှင်ကြလော့။-