သက်သာလောနိတ်ဩဝါဒစာပထမစောင် 2:4
ယင်းသို့ပြုမည့်အစားသခင်ဘုရားသည် ငါတို့အားထိုက်တန်သူများအဖြစ်လက်ခံ တော်မူသဖြင့် သတင်းကောင်းကြေညာရန် လွှဲအပ်တော်မူသည်နှင့်အညီငါတို့သည် ကိုယ်တော်ဟောပြောစေသည့်အတိုင်းအစဉ် ပင်ဟောပြောကြ၏။ ငါတို့သည်လူတို့နှစ် သက်မှုကိုရရန်မကြိုးစား။ ငါတို့စိတ် နှလုံးကိုစစ်ဆေးကြည့်ရှုတော်မူတတ် သော၊ ဘုရားသခင်နှစ်သက်မှုကိုသာ လျှင်ရရန်ကြိုးစားကြ၏။-
Common Language Bible
In The King James Version
In Context
Read all of သက်သာလောနိတ်ဩဝါဒစာပထမစောင် 2
Cross References
Numbers 27:16``အသက်သခင်ထာဝရဘုရားရှင်၊ ကိုယ်တော် ၏လူမျိုးတော်သည်သိုးထိန်းမရှိသောသိုး များကဲ့သို့ အားကိုးရာမဲ့မဖြစ်စေခြင်းငှာ သူတို့ကိုခေါင်းဆောင်၍၊-
2 Kings 16:16ဥရိယသည်ပြုလေ၏။
Psalms 7:9ကိုယ်တော်ရှင်သည်ဖြောင့်မတ်တော်မူသောဘုရားဖြစ်တော်မူပါ၏။ လူတို့၏အကြံအစည်များနှင့်လိုအင်ဆန္ဒများကိုလည်းစစ်ဆေးတော်မူပါ၏။ သူယုတ်မာတို့၏ဆိုးညစ်မှုကိုဆီးတားတော်မူလျက်၊ သူတော်ကောင်းတို့အားကောင်းကျိုးကိုပေးသနားတော်မူပါ။
Psalms 44:21ဧကန်မုချကိုယ်တော်ရှင်သိတော်မူမည်သာ ဖြစ်ပါ၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် လူတို့၏လျှို့ဝှက်သောအကြံအစည်များကို သိတော်မူသောကြောင့်ဖြစ်ပါ၏။
Proverbs 17:3ငွေစစ်စရာဘို့မိုက်ကို၎င်း၊ ရွှေစစ်စရာဘို့ မီးဖိုကို ၎င်း သုံးတတ်၏။ စိတ်နှလုံးကိုကား၊ ထာဝရဘုရား စစ်တော်မူ၏။
Jeremiah 32:19ကိုယ်တော်ရှင်၏အကြံအစည်တော်တို့သည် အံ့သြဖွယ်ကောင်း၍ ပြုတော်မူသောအမှု တော်တို့သည်ကြီးမြတ်ပါ၏။ ကိုယ်တော်ရှင် သည်လူတို့ပြုသမျှသောအမှုတို့ကိုတွေ့ မြင်တော်မူသည်ဖြစ်၍ သူတို့အားမိမိတို့ ၏အကျင့်အကြံအပြုအမူများကို လိုက်၍ဆုချတော်မူပါ၏။-