သက်သာလောနိတ်ဩဝါဒစာပထမစောင် 5:11
သို့ဖြစ်၍သင်တို့သည်အချင်းချင်းတစ်ယောက် ကိုတစ်ယောက်အားပေးကူညီမှုကို ယခုကျင့် သုံးနေသကဲ့သို့ဆက်လက်၍ကျင့်သုံးကြလော့။
Common Language Bible
In The King James Version
Wherefore comfort yourselves together, and edify one another, even as also ye do.
In Context
Read all of သက်သာလောနိတ်ဩဝါဒစာပထမစောင် 5
Cross References
Romans 15:2ငါတို့ရှိသမျှသည်ယုံကြည်ခြင်းမခိုင်မာသေး သောညီအစ်ကိုများ၏ယုံကြည်ခြင်းခိုင်မာလာ စေရန် သူတို့၏အကျိုးကိုထောက်၍သူတို့၏ အလိုကိုလိုက်သင့်၏။-
1 Corinthians 10:23``ငါတို့တွင်အဘယ်အမှုကိုမဆိုပြုနိုင်ခွင့် ရှိ၏'' ဟုဆိုကြသည်အတိုင်းမှန်သော်လည်း အရာခပ်သိမ်းသည်ကောင်းမွန်သည်မဟုတ်။``ငါ တို့တွင်အဘယ်အမှုကိုမဆိုပြုပိုင်ခွင့်ရှိ၏'' ဟုဆိုသော်လည်းအရာခပ်သိမ်းသည်ငါတို့ အကျိုးကိုပြုစုပေးသည်မဟုတ်။-
1 Corinthians 14:12သင်တို့သည်ဝိညာဉ်တော်ဆုကျေးဇူးများကို လိုလားတောင့်တကြသည့်အလျောက်အသင်း တော်ကြီးပွားတိုးတက်မှုကို အထောက်အကူ ပြုမည့်ဆုကျေးဇူးများကိုပို၍အသုံးပြု ရန်ကြိုးစားကြလော့။-
2 Corinthians 12:19ငါတို့သည်ယခုတစ်ချိန်လုံးမိမိတို့ကိုယ် ကိုကွယ်ကာပြောဆိုလျက်နေကြသည်ဟု သင်တို့ထင်ကောင်းထင်ကြလိမ့်မည်။ ငါတို့ သည်ထိုသို့ပြောဆိုနေခြင်းမဟုတ်။ ခရစ် တော်သွန်သင်ပေးသည့်အတိုင်းဘုရား သခင်ရှေ့တော်မှောက်တွင်ပြောဆိုနေခြင်း သာဖြစ်၏။ ချစ်သူတို့၊ ငါတို့ပြုသမျှ သောအမှုအရာတို့သည်သင်တို့၏ အကျိုးအတွက်ဖြစ်ပေသည်။-
Ephesians 4:16ကိုယ်တော်၏စီမံအုပ်ချုပ်မှုအောက်တွင်ကိုယ်အင်္ဂါ ရှိသမျှတို့သည်တစ်ခုနှင့်တစ်ခုအဆစ်အပိုင်း များဖြင့်ဆက်စပ်လျက်နေကြ၏။ သို့ဖြစ်၍ကိုယ် အင်္ဂါအသီးသီးတို့သည် မိမိတို့သက်ဆိုင်ရာ အလုပ်တာဝန်ကိုဆောင်ရွက်ကြသောအခါ ကိုယ်ခန္ဓာတစ်ခုလုံးကိုမေတ္တာတရားအား ဖြင့်တည်ဆောက်၍ကြီးပွားစေလေသည်။
1 Thessalonians 4:10အမှန်စင်စစ်သင်တို့သည်မာကေဒေါနိပြည် တစ်ပြည်လုံးရှိခရစ်ယာန်ညီအစ်ကိုတို့အား ချစ်ခဲ့ကြလေပြီ။ သို့ရာတွင်ညီအစ်ကိုတို့၊ သင်တို့သည်ထိုထက်မကပိုမိုချစ်ကြရန် ငါတို့တိုက်တွန်း၏။-