သက်သာလောနိတ်ဩဝါဒစာပထမစောင် 5:10
ခရစ်တော်ကြွလာတော်မူချိန်၌ငါတို့သည် သေလွန်ပြီးသည်ဖြစ်စေ၊ ရှင်လျက်နေသည် ဖြစ်စေ ကိုယ်တော်နှင့်အတူအသက်ရှင်ခွင့်ကို ရရှိနိုင်ကြစေရန် ကိုယ်တော်သည်ငါတို့အတွက် အသက်တော်ကိုစွန့်တော်မူပေသည်။-
Common Language Bible
In The King James Version
Who died for us, that, whether we wake or sleep, we should live together with him.
In Context
Read all of သက်သာလောနိတ်ဩဝါဒစာပထမစောင် 5
Cross References
John 10:11``ငါသည်သိုးထိန်းကောင်းဖြစ်၏။ သိုးထိန်းကောင်း သည်သိုးများအတွက် အသက်ကိုစွန့်တတ်၏။-
John 10:17``ငါသည်အသက်ကို တစ်ဖန်ပြန်လည်ရရှိစေ ရန် ကိုယ့်အသက်ကိုစွန့်သောကြောင့်ခမည်းတော် သည်ငါ့ကိုချစ်တော်မူ၏။-
Romans 5:6ငါတို့သည်ခိုကိုးရာမဲ့ဖြစ်လျက်ရှိနေကြ စဉ် ခရစ်တော်သည်ဘုရားသခင်သတ်မှတ်တော် မူရာနေ့ရက်ကာလ၌ဆိုးယုတ်သူတို့ အတွက်အသေခံတော်မူ၏။-
Romans 14:8ငါတို့အသက်ရှင်လျှင်သခင်ဘုရား၏ အတွက်ဖြစ်၍သေလျှင်လည်း သခင်ဘုရား ၏အတွက်ဖြစ်၏။ ထို့ကြောင့်ငါတို့သည် အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ သခင်ဘုရားပိုင်ဆိုင်ရာဖြစ်၏။-
2 Corinthians 5:15ကိုယ်တော်သည်လူအပေါင်းတို့အတွက် အသေခံခြင်းမှာလူတို့သည်အသက်ရှင်စဉ် ကိုယ်ကျိုးအတွက်ဆက်လက်၍အသက်မရှင် ကြတော့ဘဲ မိမိတို့အတွက်အသက်ကိုစွန့် တော်မူပြီးနောက်သေခြင်းမှရှင်ပြန်ထမြောက် တော်မူသောအရှင်၏အဖို့အသက်ရှင်ကြ စေရန်ဖြစ်ပေသည်။
Ephesians 5:2ခရစ်တော်သည်ငါတို့ကိုချစ်တော်မူ၍ငါတို့ အတွက် မိမိကိုယ်ကိုဘုရားသခင်နှစ်သက် တော်မူရာမွှေးကြိုင်သောယဇ်သကာအဖြစ် ဖြင့်ဆက်သတော်မူသကဲ့သို့ သင်တို့သည် လည်းမေတ္တာတရားကိုကျင့်သုံးကြလော့။