ရာဇဝင်ချုပ်ပထမစောင် 22:7
ထာဝရဘုရားပြဋ္ဌာန်းတော်မူသည်နှင့်အညီ ယင်းသို့သွားရောက်ခြင်းအားဖြင့် အာခဇိ အသက်ဆုံးရှုံးရလေသည်။ အာခဇိသည် ထိုမြို့၌ယောရံနှင့်အတူရှိနေစဉ်အာဟပ် ၏မင်းရိုးပျက်သုဉ်းမှုအတွက်ဆောင်ရွက်ရန် ထာဝရဘုရားရွေးချယ်ထားသူ၊ နိမ်ရှိ၏ သားယေဟုနှင့်တွေ့ဆုံရလေသည်။-
Common Language Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 22
Cross References
Deuteronomy 32:35ထာဝရဘုရားသည်ရန်သူတို့အားဒဏ်ခတ်၍ လက်စားချေတော်မူမည်။ သူတို့ရှုံးနိမ့်ရသောအချိန်ရောက်လိမ့်မည်။ သူတို့ပျက်စီးရသောအချိန်နီးပြီ။
Judges 14:4သို့ရာတွင်ထာဝရဘုရားသည်ဖိလိတ္တိအမျိုး သားတို့အား တိုက်ခိုက်ရန်အခွင့်အခါကိုရှာ လျက်ရှိသဖြင့် ရှံဆုန်အားဤအမှုအရာကို ပြုစေတော်မူလျက်ရှိကြောင်းကိုမူသူ၏ မိဘတို့သည်မသိကြ။ ထိုကာလသည်ကား ဣသရေလအမျိုးသားတို့အပေါ်ဝယ် ဖိလိတ္တိအမျိုးသားတို့ကြီးစိုးလျက်နေ သောကာလတည်း။
1 Kings 12:24``သင်တို့သည်သင်တို့၏ညီအစ်ကိုများဖြစ် ကြသောဣသရေလပြည်သူတို့ကိုမတိုက် မခိုက်ကြနှင့်။ ယခုဖြစ်ပျက်ခဲ့သောအမှု သည်ငါ၏အလိုတော်အတိုင်းဖြစ်သဖြင့် သင်တို့အားလုံးမိမိတို့နေရပ်သို့ပြန်ကြ လော့'' ဟုထာဝရဘုရားမိန့်တော်မူကြောင်း ဆင့်ဆိုစေတော်မူ၏။ သူတို့အားလုံးသည် လည်းထာဝရဘုရား၏အမိန့်တော်ကို နာခံလျက်မိမိတို့နေရပ်သို့ပြန်သွား ကြ၏။
1 Kings 22:20ထာဝရဘုရားက`အာဟပ်သည်ရာမုတ်မြို့ သို့ချီတက်၍ကျဆုံးစေရန် အဘယ်သူသည် သူ့အားလိမ်လည်လှည့်စားမည်နည်း' ဟုမေး တော်မူလျှင်ကောင်းကင်တမန်တို့သည် အမျိုးမျိုးအဖုံဖုံလျှောက်ထားကြ၏။-
2 Kings 9:21ယောရံက``ငါ၏စစ်ရထားကိုအသင့်ပြင် လော့'' ဟုအမိန့်ပေး၏။ အသင့်ရှိသောအခါ သူနှင့်အာခဇိမင်းသည် စစ်ရထားကိုယ်စီစီး ၍ယေဟုနှင့်တွေ့ဆုံရန်ထွက်သွားကြ၏။ သူ တို့သည်နာဗုတ်၏မြေသို့ရောက်သောအခါ ယေဟုနှင့်ဆုံမိကြ၏။-
2 Chronicles 10:15မင်းကြီးသည်ဤသို့ပြည်သူတို့၏စကား ကိုနားမထောင်ဘဲနေခြင်းမှာ ပရောဖက် အဟိယအားဖြင့်နေဗတ်၏သားယေရော ဗောင်အားပေးတော်မူသည့်ဗျာဒိတ်တော် အကောင်အထည်ပေါ်လာစေရန် ထာဝရ အရှင်ဘုရားသခင်အလိုရှိတော်မူသော ကြောင့်ဖြစ်၏။