ရာဇဝင်ချုပ်ပထမစောင် 33:13
ဘုရားသခင်သည်မနာရှေ၏ဆုတောင်း ပတ္ထနာကိုနားညောင်းတော်မူ၍ သူ့အားယေရု ရှလင်မြို့သို့ပြန်လည်သွားရောက်အုပ်စိုးခွင့် ကိုပေးတော်မူ၏။ ထိုအခါမှထာဝရဘုရား သည်ဘုရားမှန်ကြောင်းမနာရှေသေချာ စွာသိလေ၏။
Common Language Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 33
Cross References
Deuteronomy 29:6သင်တို့တွင်စားစရာအစာ၊ သောက်စရာ စပျစ်ရည်နှင့်သေရည်သေရက်မရှိခဲ့ ကြ။ သို့ရာတွင်ထာဝရဘုရားသည်သင် တို့၏ဘုရားသခင်ဖြစ်တော်မူကြောင်း သင်တို့အားသွန်သင်ရန်သင်တို့လိုသမျှ ကိုပေးတော်မူသည်။-
1 Kings 18:39ဤအခြင်းအရာကိုမြင်သောအခါ လူတို့သည် မိမိတို့ကိုယ်ကိုမြေပေါ်တွင်လှဲချကာ``ထာဝရ ဘုရားသည်ဘုရားအမှန်ပင်ဖြစ်ပေသည်။ ထာဝရ ဘုရားတစ်ပါးတည်းသာလျှင်ဘုရားအမှန်ဖြစ် ပါသည်တကား'' ဟုကြွေးကြော်ကြကုန်၏။
1 Chronicles 5:20ထိုအခါသူတို့သည်ဘုရားသခင်အား ယုံကြည်ကိုးစားလျက် ကူမတော်မူရန် ဆုတောင်းပတ္ထနာပြုကြ၏။ ဘုရားသခင် သည်လည်းနားညောင်းတော်မူသဖြင့် သူတို့ သည်ဟာဂရအမျိုးသားနှင့်၎င်း၏မဟာ မိတ်တို့ကိုအနိုင်ရကြ၏။-
2 Chronicles 34:27ယေရုရှလင်မြို့သူမြို့သားတို့အားအပြစ် ဒဏ်ခတ်ရန် ငါကြုံးဝါးသည်ကိုကြားသိရ သောအခါ သင်သည်ငိုယိုကာမိမိ၏အဝတ် များကိုဆုတ်ပြီးလျှင်နောင်တရလျက်ငါ၏ ရှေ့တော်တွင်စိတ်နှလုံးနှိမ့်ချလျက်နေ၏။ သို့ရာတွင်ငါသည်သင်၏ဆုတောင်းပတ္ထနာ ကိုကြားတော်မူပြီဖြစ်၍၊-
Ezra 8:23ထို့ကြောင့်ငါတို့သည်ဘုရားသခင်၏ကာကွယ် စောင့်ရှောက်မှုကိုခံယူရရှိကြစေရန် အစာ ရှောင်လျက်အထံတော်သို့ဆုတောင်းပတ္ထနာ ပြုကြရ၏။ ကိုယ်တော်သည်ငါတို့၏ဆု တောင်းပတ္ထနာကိုနားညောင်းတော်မူ၏။
Job 22:23အနန္တတန်ခိုးရှင်ထံတော်သို့ ပြန်လာလျှင်၊ တည်ဆောက်ခြင်းရှိလိမ့်မည်။ သင့်အိမ်မှဒုစရိုက်ကို ပယ်ရှား လျှင်၊