ရာဇဝင်ချုပ်ပထမစောင် 33:14
ထိုနောက်မနာရှေသည်ဒါဝိဒ်မြို့တော်အရှေ့ ဘက်ဂိဟုန်စမ်းချောင်းအနီးချိုင့်ဝှမ်းတစ်နေ ရာမှ မြောက်ဘက်ငါးတံခါးနှင့်သြဖေလဟု ခေါ်တွင်သည့်အရပ်တိုင်အောင်အပြင်မြို့ရိုး ကိုမြှင့်တင်လိုက်လေသည်။ မင်းကြီးသည်ယုဒ ပြည်တံတိုင်းကာရံထားသည့်မြို့ရှိသမျှတွင် လည်းတပ်မှူးတစ်ယောက်ကိုတပ်စုတစ်စုနှင့် တကွခန့်ထားတော်မူ၏။-
Common Language Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 33
Cross References
1 Kings 1:33မင်းကြီးက``ငါ၏မှူးမတ်တို့ကိုအတူခေါ်ကာ သားတော်ရှောလမုန်အား ငါ၏မြည်းတော်ကို စီးစေ၍ဂိဟုန်စမ်းသို့ပို့ဆောင်ကြလော့။-
2 Chronicles 11:11ထိုမြို့တို့ကိုခိုင်ခံ့စွာတံတိုင်းကာပြီးလျှင် မြို့တိုင်းတွင် တပ်မှူးတစ်ဦးစီခန့်ထား၍ ဆီ၊ စပျစ်ရည်၊ စားနပ်ရိက္ခာ၊-
2 Chronicles 27:3ဗိမာန်တော်မြောက်တံခါးကိုပြုလုပ်၍ ယေရုရှလင်မြို့၊ သြဖေလအရပ်ရှိမြို့ ရိုးကိုအလွန်ခိုင်ခံ့စေသူမှာယောသံပင် ဖြစ်၏။-
2 Chronicles 32:30ဂိဟုန်စမ်းမှရေစီးကြောင်းကိုပိတ်ဆို့လိုက် ပြီးလျှင်ဥမင်လိုဏ်ခေါင်းတူး၍ ယေရုရှလင် မြို့တံတိုင်းအတွင်းသို့ရေကိုသွယ်သူမှာ ဟေဇကိပင်ဖြစ်၏။ ဟေဇကိသည်ပြုလေ သမျှသောအမှုတို့တွင်အောင်မြင်တော်မူ သည်။-
Isaiah 32:14နန်းတော်ပင်လျှင်အထီးတည်းကျန်ရစ်၍ နေ ပြည်တော်ကြီးသည်လုံးဝလူသူဆိတ်ငြိမ် လျက်နေလိမ့်မည်။ ထိုမြို့တော်ကိုစောင့်ကြပ် ကာကွယ်ရာခံတပ်များနှင့်အိမ်များသည် လည်း ထာဝစဉ်ပျက်စီးယိုယွင်း၍နေလိမ့် မည်။ ထိုအရပ်တွင်မြည်းရိုင်းများလှည့်လည် သွားလာကာသိုးများကျက်စားကြလိမ့်မည်။