ရာဇဝင်ချုပ်ပထမစောင် 34:5
မင်းကြီးသည်ရုပ်တုကိုးကွယ်သူယဇ် ပုရောဟိတ်တို့၏အရိုးများကိုသူတို့၏ ယဇ်ပလ္လင်များပေါ်တင်၍မီးရှို့စေ၏။ ဤ သို့ပြုခြင်းအားဖြင့်ယုဒပြည်နှင့်ယေရု ရှလင်မြို့တို့ကိုဘာသာရေးထုံးနည်း အရသန့်စင်မှုကိုပြန်လည်ရရှိစေ တော်မူ၏။-
Common Language Bible
In The King James Version
And he burnt the bones of the priests upon their altars, and cleansed Judah and Jerusalem.
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 34
Cross References
1 Kings 13:2ထာဝရဘုရား၏အမိန့်တော်အတိုင်းပရော ဖက်က``အို ယဇ်ပလ္လင်၊ ယဇ်ပလ္လင်၊ ထာဝရဘုရား က`ယောရှိနာမည်တွင်မည့်သူငယ်သည်ဒါဝိဒ် ၏သားချင်းစုတွင်ဖွားမြင်လိမ့်မည်။ ပူဇော် သကာများကိုသင်၏အပေါ်တွင်တင်လှူကာ မိစ္ဆာယဇ်ပလ္လင်များတွင်အမှုထမ်းဆောင်သော ယဇ်ပုရောဟိတ်တို့အား သူသည်သင့်အပေါ် မှာတင်၍ယဇ်ပူဇော်လိမ့်မည်။ လူရိုးတို့ကို လည်းတင်၍မီးရှို့လိမ့်မည်' ဟုမိန့်တော် မူ၏'' ဟုဆင့်ဆို၏။-
2 Kings 23:20သူသည်ရုပ်တုကိုးကွယ်ရာဌာနများတွင် အမှုထမ်းသောယဇ်ပုရောဟိတ်အပေါင်းတို့ ကို မိမိတို့ယဇ်ပူဇော်သည့်ပလ္လင်များပေါ်တွင် တင်၍သတ်ပြီးလျှင် လူသေအရိုးတို့ကိုထို ပလ္လင်များအပေါ်တွင်မီးရှို့လေသည်။ ထိုနောက် မင်းကြီးသည်ယေရုရှလင်မြို့သို့ပြန်သွား တော်မူ၏။
2 Chronicles 34:33ယောရှိမင်းသည်ဣသရေလအမျိုးသား တို့ပိုင်သည့်နယ်မြေမှစက်ဆုပ်ရွံရှာဖွယ် ကောင်းသည့်ရုပ်တုရှိသမျှကိုဖျက်ဆီး၍ မိမိအသက်ရှင်သမျှကာလပတ်လုံး ပြည်သူတို့အားဘိုးဘေးများ၏ဘုရားသခင်ထာဝရဘုရားကိုကိုးကွယ်စေ တော်မူ၏။
Jeremiah 4:14အို ယေရုရှလင်မြို့၊ သင်သည်ချမ်းသာရာရ စေရန် မိမိစိတ်နှလုံးကိုဆိုးညစ်မှုနှင့်ကင်း စင်စေလော့။ သင်သည်အဘယ်မျှကြာအောင် ဆက်လက်၍ဆိုးညစ်စွာကြံစည်လျက်နေ ဦးမည်နည်း။
Ezekiel 22:24ကိုယ်တော်က``အချင်းလူသား၊ ဣသရေလ ပြည်သည်အမျက်တော်ကျရောက်သောနေ့ ၌၊ မိုးရေမရ၊ မိုးမရွာဘဲနေလိမ့်မည်ဖြစ် ကြောင်း ထိုပြည်ကိုပြောကြားလော့။-