ရာဇဝင်ချုပ်ပထမစောင် 34:6
သူသည်မနာရှေနယ်မြေ၊ ဧဖရိမ်နယ်မြေ၊ ရှိမောင်နယ်မြေနှင့်မြောက်ဘက်ရှိနဿလိ နယ်မြေတိုင်အောင်အရပ်ရပ်ရှိမြို့များနှင့် ပျက်စီးသောအရပ်များ၌လည်းဤနည်း အတိုင်းပြုတော်မူ၏။-
Common Language Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 34
Cross References
2 Kings 23:15သူသည်ဣသရေလအမျိုးသားတို့အားအပြစ် ကူးလွန်ရန် ရှေ့ဆောင်လမ်းပြသူ၊ နေဗတ်၏သား ယေရောဗောင်မင်းတည်ဆောက်ခဲ့သည့်ဗေသလ ဝတ်ပြုကိုးကွယ်ရာဌာနကိုလည်းဖြိုဖျက်လေ သည်။ ယောရှိသည်ယဇ်ပလ္လင်ကိုဖြိုချပြီးလျှင် အာရှရဘုရားမအားဆက်ကပ်ထားသော တံခွန်တိုင်ကိုမီးရှို့၏။-
2 Chronicles 30:1ဘာသာရေးထုံးနည်းအရသန့်စင်မှုပြုပြီး သူ ယဇ်ပုရောဟိတ်အရေအတွက်လုံလောက် အောင်မရှိသောကြောင့်လည်းကောင်း၊ ယေရု ရှလင်မြို့သို့လာရောက်စုဝေးသူတို့သည် မများသောကြောင့်လည်းကောင်း၊ ပြည်သူ တို့သည်ပသခါပွဲတော်ကို ကျင်းပမြဲ ဖြစ်သည့်ပထမလတွင်မကျင်းပနိုင် ကြချေ။ ထိုကြောင့်ဟေဇကိမင်းနှင့် တကွ မှူးမတ်များနှင့်ယေရုရှလင်မြို့ သူမြို့သားအပေါင်းတို့သည် ထိုပွဲတော် ကိုဒုတိယလ၌ကျင်းပရန်သဘော တူကြလေသည်။ ထိုနောက်မင်းကြီးသည် ဣသရေလပြည်နှင့်ယုဒပြည်ရှိ လူ အပေါင်းတို့ထံသို့အကြောင်းကြားတော် မူ၏။ သူသည်ဧဖရိမ်အနွယ်နှင့်မနာရှေ အနွယ်တို့အားဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းသည့်အနေဖြင့် ပသခါပွဲတော်ကိုကျင်းပရန်အတွက် ယေရုရှလင်မြို့ဗိမာန်တော်သို့လာ ရောက်ကြရန်အထူးဂရုပြု၍ ဖိတ် ကြားစာများပေးပို့တော်မူလေသည်။-
2 Chronicles 31:1ပွဲတော်ပြီးဆုံးသွားသောအခါ၊ ဣသရေလ အမျိုးသားအပေါင်းတို့သည်ယုဒမြို့ရှိသမျှ သို့သွားလျက် ကျောက်တိုင်များကိုဖြိုဖျက်၍ အာရှရဘုရားမ၏တံခွန်တိုင်များကိုခုတ် လှဲကြ၏။ ယဇ်ပလ္လင်များနှင့်ရုပ်တုကိုးကွယ် ရာဌာနများကိုလည်းဖြိုဖျက်ကြ၏။ သူတို့ သည်ယုဒနယ်မြေ၊ ဗင်္ယာမိန်နယ်မြေနှင့်မနာရှေ နယ်မြေတို့တွင်လည်းဤနည်းအတိုင်းပြုလုပ် ကြပြီးလျှင်မိမိတို့နေရပ်အသီးသီးသို့ ပြန်သွားကြ၏။
Isaiah 7:25အခါတစ်ပါးကသီးနှံပင်များစိုက်ပျိုးခဲ့ သည့်တောင်ကုန်းမှန်သမျှသည် ဆူးခြုံအမျိုး မျိုးနှင့်ပြည့်နှက်နေသဖြင့် ထိုနေရာများသို့ အဘယ်သူမျှသွားကြလိမ့်မည်မဟုတ်။ နွား များသိုးများကျက်စားရာသာလျှင်ဖြစ် လိမ့်မည် '' ဟုဆို၏။