ရာဇဝင်ချုပ်ပထမစောင် 34:33
ယောရှိမင်းသည်ဣသရေလအမျိုးသား တို့ပိုင်သည့်နယ်မြေမှစက်ဆုပ်ရွံရှာဖွယ် ကောင်းသည့်ရုပ်တုရှိသမျှကိုဖျက်ဆီး၍ မိမိအသက်ရှင်သမျှကာလပတ်လုံး ပြည်သူတို့အားဘိုးဘေးများ၏ဘုရားသခင်ထာဝရဘုရားကိုကိုးကွယ်စေ တော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 34
Cross References
1 Kings 11:5ဇိဒုန်ဘုရားမအာရှတရက်နှင့်စက်ဆုပ်ဖွယ် ကောင်းသည့် အမ္မုန်ဘုရားမိလကုံအားဝတ်ပြု ကိုးကွယ်၍၊-
2 Chronicles 34:3ယောရှိသည်နန်းစံရှစ်နှစ်မြောက်၌အသက် အရွယ်အလွန်နုနယ်လျက်ပင်ရှိနေသေးစဉ် အခါ မိမိ၏ဘေးတော်ဒါဝိဒ်မင်း၏ဘုရားသခင်ကိုစတင်ဆည်းကပ်လေသည်။ နောက် လေးနှစ်မျှကြာသောအခါသူသည်ရုပ်တု ကိုးကွယ်ရာဌာနများ၊ အာရှရဘုရားမ ၏တံခွန်တိုင်များနှင့်အခြားရုပ်တုရှိ သမျှတို့ကိုဖျက်ဆီးလေသည်။-
2 Chronicles 34:5မင်းကြီးသည်ရုပ်တုကိုးကွယ်သူယဇ် ပုရောဟိတ်တို့၏အရိုးများကိုသူတို့၏ ယဇ်ပလ္လင်များပေါ်တင်၍မီးရှို့စေ၏။ ဤ သို့ပြုခြင်းအားဖြင့်ယုဒပြည်နှင့်ယေရု ရှလင်မြို့တို့ကိုဘာသာရေးထုံးနည်း အရသန့်စင်မှုကိုပြန်လည်ရရှိစေ တော်မူ၏။-
Jeremiah 4:1ထာဝရဘုရားက``ဣသရေလပြည်သား တို့၊ အကယ်၍သင်တို့ပြန်လာလိုလျှင်ငါ့ ထံသို့ပြန်လာကြလော့။ ငါရွံမုန်းသည့် ရုပ်တုတို့ကိုဖယ်ရှားကာငါ့အားသစ္စာ စောင့်ကြလျှင်၊-