ရာဇဝင်ချုပ်ပထမစောင် 5:10
ပဋိညာဉ်သေတ္တာတော်အတွင်း၌ပညတ်တော် ကျောက်ပြားနှစ်ချပ်မှတစ်ပါးအခြားအဘယ် အရာမျှမရှိ။ အီဂျစ်ပြည်မှဣသရေလအမျိုး သားတို့ထွက်ခွာလာချိန်၌ သူတို့နှင့်ထာဝရ ဘုရားပဋိညာဉ်ပြုတော်မူစဉ်အခါက မောရှေ သည်ထိုကျောက်ပြားများကိုပဋိညာဉ်သေတ္တာ တော်တွင်ထားခဲ့သတည်း။
Common Language Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 5
Cross References
Exodus 19:5သင်တို့သည်ငါ၏စကားကိုနားထောင်၍၊ ငါ ၏ပဋိညာဉ်ကိုစောင့်ထိန်းလျှင်ငါပိုင်သော လူမျိုးဖြစ်ကြလိမ့်မည်။ ဤကမ္ဘာမြေကြီး အလုံးစုံကိုငါပိုင်တော်မူသည်။ သို့သော် သင်တို့သည်ငါရွေးကောက်တော်မူသော သူများဖြစ်ရကြမည်။-
Exodus 31:18ဘုရားသခင်သည်သိနာတောင်ပေါ်တွင် မောရှေအားမိန့်တော်မူပြီးသောအခါ၊ ဘုရားသခင်ကိုယ်တော်တိုင်ပညတ်တော် များကိုအက္ခရာတင်သောကျောက်ပြား နှစ်ပြားကို၊ သူ့အားပေးတော်မူ၏။
Exodus 32:19မောရှေသည်စခန်းအနီးသို့ရောက်ရှိသော အခါ၊ နွားငယ်ရုပ်ကိုလည်းကောင်း၊ လူများ ကခုန်နေသည်ကိုလည်းကောင်း၊ တွေ့မြင်ရ လျှင်၊ အလွန်အမျက်ထွက်သဖြင့်၊ သူယူ ဆောင်ခဲ့သောကျောက်ပြားများကိုတောင် ခြေရင်း၌ပစ်ချလိုက်ရာအပိုင်းပိုင်းကျိုး ကုန်၏။-
Exodus 40:20ထိုနောက်သူသည်ကျောက်ပြားကိုသေတ္တာ တော်ထဲ၌ထည့်ထား၏။ သေတ္တာတော်ကွင်း များတွင်ထမ်းပိုးများကိုလျှို၍၊ သေတ္တာ တော်အဖုံးကိုတင်၏။-
Deuteronomy 29:1သိနာတောင်ပေါ်တွင်ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့နှင့်ပဋိညာဉ် ပြုပြီးသည့်အပြင် ယခုတစ်ဖန်မောဘပြည် ၌မောရှေအားဖြင့် ဣသရေလအမျိုးသား တို့နှင့်ပဋိညာဉ်ပြုတော်မူသည်။
2 Chronicles 6:11ငါသည်ဣသရေလအမျိုးသားတို့နှင့်ထာဝရ ဘုရားပြုတော်မူသော ပဋိညာဉ်တော်ဆိုင်ရာ ကျောက်ပြားများပါရှိသည့်ပဋိညာဉ်သေတ္တာ တော်ကိုလည်းဗိမာန်တော်တွင်ထားရှိပြီး လေပြီ'' ဟုပြည်သူတို့အားမိန့်တော်မူ၏။