ရာဇဝင်ချုပ်ပထမစောင် 6:19
အရှင်ထာဝရဘုရား၊ ကျွန်ုပ်သည်ကိုယ်တော် ၏ကျွန်ဖြစ်ပါ၏။ အကျွန်ုပ်ဆုတောင်းသံကို နားညောင်းတော်မူပါ။ အကျွန်ုပ်တောင်းသော ဆုကိုပေးသနားတော်မူပါ။-
Common Language Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 6
Cross References
1 Kings 8:28အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ် သည်ကိုယ်တော်၏အစေခံဖြစ်ပါ၏။ အကျွန်ုပ်၏ ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူ၍ ယနေ့ အကျွန်ုပ်လျှောက်ထားပန်ကြားချက်ကိုနား ညောင်းတော်မူပါ။-
Psalms 5:1အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏မြွက်ဆိုချက်ကိုနားထောင်တော်မူပါ။ ကျွန်တော်မျိုး၏မြည်တမ်းသံများကိုကြားတော်မူပါ။
Psalms 74:20ကျွန်တော်မျိုးတို့နှင့်ကိုယ်တော်ရှင်ပြုထားသည့် ပဋိညာဉ်တော်ကိုသတိရတော်မူပါ။ တိုင်းပြည်ရှိမှောင်ကျရာအရပ်တိုင်းတွင် အကြမ်းဖက်မှုရှိပါ၏။
Daniel 9:17အို ကျွန်ုပ်တို့၏ဘုရားသခင်၊ ကိုယ်တော်၏ ကျွန်တို့၏ဆုတောင်းပတ္ထနာနှင့်အသနား ခံချက်ကိုနားထောင်တော်မူပါ။ ကိုယ်တော် သည်ဘုရားသခင်ဖြစ်တော်မူကြောင်း လူ တိုင်းသိကြစေရန် ဖြိုဖျက်ခြင်းခံရသည့် ကိုယ်တော်၏ဗိမာန်တော်ကိုပြန်လည်တည် ဆောက်တော်မူပါ။-
John 17:20``အကျွန်ုပ်သည်ထိုသူတို့အတွက်သာလျှင် ဆုတောင်းသည်မဟုတ်ပါ။ သူတို့ဟောပြော ချက်ကြောင့်အကျွန်ုပ်ကိုယုံကြည်လာသူများ အတွက်လည်းဆုတောင်းပါ၏။-