Psalms 5:1
အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏မြွက်ဆိုချက်ကိုနားထောင်တော်မူပါ။ ကျွန်တော်မျိုး၏မြည်တမ်းသံများကိုကြားတော်မူပါ။
Common Language Bible
In The King James Version
Give ear to my words, O LORD, consider my meditation.
In Context
Cross References
1 Samuel 1:13ဟန္နသည်ဆိတ်ဆိတ်ဆုတောင်းပတ္ထနာပြု၍နေ သဖြင့် သူ၏နှုတ်ခမ်းတို့သည်လှုပ်ရှားလျက်ရှိ သော်လည်းအသံကားမထွက်။ သို့ဖြစ်၍သူ့ အားအရက်မူးသည်ဟုထင်မှတ်သဖြင့်၊-
Psalms 17:1အို ထာဝရဘုရား၊ တရားမျှတမှုရရန်အတွက်ကျွန်တော်မျိုး ပန်ကြားသည်ကိုနားထောင်တော်မူပါ။ ကူမတော်မူရန်ကျွန်တော်မျိုးအော်ဟစ်သံကို ဂရုပြုတော်မူပါ။ ကျွန်တော်မျိုးသည်ရိုးဖြောင့်စွာ တောင်းလျှောက်သည်ဖြစ်၍ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားထောင်တော်မူပါ။
Psalms 54:2ဘုရားသခင်၊ကျွန်တော်မျိုး၏ဆုတောင်း ပတ္ထနာကို ကြားတော်မူပါ။ ကျွန်တော်မျိုးတောင်းလျှောက်သောစကားတို့ကို နားထောင်တော်မူပါ။
Psalms 64:1အို ဘုရားသခင်၊ ကျွန်တော်မျိုးသည်ဒုက္ခရောက်လျက်ရှိပါ၏။ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ။ ကျွန်တော်မျိုးသည်ရန်သူများကိုကြောက်လန့်၍ နေပါ၏။ ကျွန်တော်မျိုး၏အသက်ကိုကယ်တော်မူပါ။
Psalms 86:1ကျွန်တော်မျိုးသည်အင်အားချိနဲ့လျက်ခိုကိုးရာမဲ့ ဖြစ်၍နေပါ၏။ ထို့ကြောင့် အို ထာဝရဘုရား၊ ကျွန်တော်မျိုးလျှောက်ထားသည်ကိုနားထောင်တော် မူ၍ ဖြေကြားတော်မူပါ။
1 Peter 3:12အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် ဖြောင့်မတ်သူတို့အား၊ကြည့်ရှုစောင့်ရှောက်တော်မူ၍ သူတို့၏ဆုတောင်းပတ္ထနာများကို၊ နားညောင်းတော်မူသောကြောင့်တည်း။ သို့ရာတွင်ဒုစရိုက်ပြုသူတို့ထံမှ မျက်နှာလွှဲတော်မူ၏။''