ကောရိန္တုဩဝါဒစာဒုတိယစောင် 12:11
ငါသည်လူမိုက်ကဲ့သို့ပြုလေပြီ။ သို့ရာတွင် သင်တို့ကငါ့ကိုလူမိုက်ဖြစ်အောင်ပြုကြ၏။ သင်တို့သည်ငါ့ကိုထောက်ခံသင့်သူများ ဖြစ်ပေသည်။ ငါသည်မရေရာသောသူဖြစ် စေကာမူသင်တို့၏ထူးမြတ်သည့်တမန် တော်များထက်အဘယ်နည်းနှင့်မျှမညံ့။-
Common Language Bible
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာဒုတိယစောင် 12
Cross References
Luke 17:10ထိုနည်းတူသင်တို့သည်လည်းမိမိတို့အားစေ ခိုင်းသည့်အရာအားလုံးကိုဆောင်ရွက်ပြီးချိန် ၌ ငါတို့ကားသာမန်အစေခံများပင်ဖြစ်သည်။ ငါတို့ဆောင်ရွက်ရန်ရှိသည့်တာဝန်ဝတ္တရားကို သာလျှင်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်ဟု' ဆို ကြလော့'' ဟူ၍မိန့်တော်မူ၏။
1 Corinthians 3:22ပေါလု၊ အာပေါလု၊ ပေတရုတို့ကိုလည်းကောင်း၊ ဤကမ္ဘာလောကကြီးကိုလည်းကောင်း၊ အသက် ရှင်ခြင်းနှင့်သေခြင်းတို့ကိုလည်းကောင်း၊ မျက် မှောက်ကာလနှင့်အနာဂတ်ကာလတို့ကို လည်းကောင်းသင်တို့ပိုင်ကြ၏။-
2 Corinthians 1:6ငါတို့ဆင်းရဲဒုက္ခခံရကြလျှင်သင်တို့နှစ် သိမ့်မှုနှင့် ကယ်တင်ခြင်းကိုခံယူရရှိကြစေ ရန်အတွက်ဖြစ်၏။ နှစ်သိမ့်မှုကိုငါတို့ရရှိ ကြပါလျှင် သင်တို့သည်လည်းငါတို့နည်း တူနှစ်သိမ့်မှုကိုရရှိလျက် ငါတို့ခံရသော ဆင်းရဲဒုက္ခမျိုးကိုသည်းခံသောစိတ်နှင့် ခံနိုင်သောခွန်အားရရှိကြ၏။-
2 Corinthians 11:5ငါသည်သင်တို့၏ထူးမြတ်လှသည့်တမန် တော်များထက်အနည်းငယ်မျှမနိမ့်ဟုငါ ယူဆ၏။-
2 Corinthians 12:6ငါကြွားဝါလိုပါမူသူရူးဖြစ်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်ငါသည်ဟုတ်မှန်သည့် စကားကိုသာပြောဆိုခြင်းဖြစ်မည်။ သို့သော် အဘယ်သူမျှမိမိကိုယ်တိုင်မြင်ရကြား ရသည်ထက်ပို၍ ငါ့အားအထင်မကြီး စေလိုသဖြင့်ငါသည်ကြွားဝါလိမ့်မည် မဟုတ်။
Galatians 2:6ခေါင်းဆောင်များဟုထင်မှတ်ရသူတို့သည် ငါ့အားအကြံဉာဏ်သစ်မပေးကြ။ သူတို့ သည်အကယ်ပင်ခေါင်းဆောင်များဟုတ် သည်မဟုတ်သည်မှာ ငါ၏အတွက်အရေး မကြီးပါ။ အဘယ်ကြောင့်ဆိုသော်ဘုရား သခင်သည်အပြင်ပုံသဏ္ဌာန်အားဖြင့် လူ တို့အားအကဲဖြတ်တော်မမူသောကြောင့် ပင်ဖြစ်၏။-