ရှင်ယောဟန်ဩဝါဒစာဒုတိယစောင် 1:3
ခမည်းတော်ဘုရားသခင်ထံမှလည်းကောင်း၊ ခမည်းတော်၏သားတော်ယေရှုခရစ်ထံတော် မှလည်းကောင်း၊ ကျေးဇူးတော်၊ ကရုဏာတော် နှင့်ငြိမ်သက်ခြင်းသည်သမ္မာတရားကိုသိ၍ အချင်းချင်းချစ်ကြသောငါတို့အပေါ်သို့ သက်ရောက်ပါစေသော။
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ဩဝါဒစာဒုတိယစောင် 1
Cross References
Zechariah 8:19``စတုတ္ထ၊ ပဉ္စမ၊ သတ္တမနှင့်ဒသမလများ တွင်ကျင်းပသည့်အစာရှောင်သည့်ပွဲတော် များသည် ယုဒပြည်သားအတွက်ရွှင်လန်း ဝမ်းမြောက်ဖွယ်ဖြစ်လာလိမ့်မည်။ သင်တို့ သည်အမှန်တရားနှင့်ငြိမ်းချမ်းသာယာ မှုကိုနှစ်သက်မြတ်နိုးရကြမည်'' ဟု မိန့်တော်မူ၏။
Galatians 5:6ငါတို့သည်ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်း ဖြစ်ပါက အရေဖျားလှီးမင်္ဂလာခံသည်မခံ သည်မှာအရေးမကြီးပေ။ အရေးကြီးသည့် အရာမှာမေတ္တာတရားကိုပေါ်လွင်စေသည့် ယုံကြည်ခြင်းပင်ဖြစ်သတည်း။
1 Timothy 1:14ငါတို့သခင်ဘုရားသည်မိမိ၏ကြွယ်ဝသော ကျေးဇူးတော်ကိုငါ့အပေါ်သို့သွန်းလောင်း တော်မူ၍ ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝ တည်းဖြစ်ခြင်းအားဖြင့်ငါတို့ရရှိသည့် ယုံကြည်ခြင်းနှင့်ချစ်ခြင်းကိုငါ့အား ပေးတော်မူ၏။-
1 John 2:23သားတော်ကိုပစ်ပယ်သူသည်ခမည်းတော်ကို လည်းပစ်ပယ်သူဖြစ်၏။ သားတော်ကိုလက်ခံ သူသည်ခမည်းတော်ကိုလည်းလက်ခံသူ ဖြစ်၏။
2 John 1:1အသက်ကြီးသူထံမှဘုရားသခင်ရွေးကောက် တော်မူခြင်းခံရသူနှင့် အမှန်ပင်ငါချစ်မြတ် နိုးသူအမျိုးသမီးကြီးနှင့် သူ၏သားသမီး များထံသို့စာရေးလိုက်သည်။ သင့်အားငါတစ် ဦးတည်းသာမက သမ္မာတရားကိုသိရှိသူ အပေါင်းတို့သည်ချစ်ကြပေသည်။-