ရှင်ယောဟန်ဩဝါဒစာဒုတိယစောင် 1:4
သင်၏သားသမီးအချို့တို့သည်ခမည်းတော် ဘုရားပညတ်တော်မူခဲ့သည့်အတိုင်း သမ္မာ တရားတော်၌ကျင်လည်လျက်နေကြကြောင်း တွေ့ရသဖြင့်ငါအလွန်ဝမ်းမြောက်၏။-
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ဩဝါဒစာဒုတိယစောင် 1
Cross References
Malachi 2:6သူတို့သည်အမှန်တရားကိုဟောပြော သွန်သင်ကြ၏။ အမှားကိုမသွန်သင်ကြ။ သူတို့သည်ငါနှင့်သဟဇာတဖြစ်အောင် နေထိုင်ကြလျက် မိမိတို့ကိုယ်တိုင်သာ လျှင်မှန်ရာကိုပြုကျင့်ကြသည်မဟုတ်။ သူတစ်ပါးတို့အားလည်းမကောင်းမှုကို ရှောင်ကြဉ်ရန်အထောက်အကူပေးကြ ပေသည်။-
Ephesians 5:2ခရစ်တော်သည်ငါတို့ကိုချစ်တော်မူ၍ငါတို့ အတွက် မိမိကိုယ်ကိုဘုရားသခင်နှစ်သက် တော်မူရာမွှေးကြိုင်သောယဇ်သကာအဖြစ် ဖြင့်ဆက်သတော်မူသကဲ့သို့ သင်တို့သည် လည်းမေတ္တာတရားကိုကျင့်သုံးကြလော့။
Philippians 4:10ဤမျှအချိန်ကာလကြာညောင်းပြီးမှသင်တို့ သည် ငါ့အားမိမိတို့၏မေတ္တာစေတနာကိုတစ် ဖန်ပြန်၍ပြသကြသည့်အတွက် ငါသည် သခင်ဘုရားနှင့်တစ်လုံးတစ်ဝတည်းဖြစ်သူ တစ်ဦးအနေဖြင့်အလွန်ပင်ဝမ်းမြောက်ပါ၏။ ယခင်အခါကသင်တို့သည်ငါ၏အပေါ် တွင်မေတ္တာစေတနာမထားဘဲနေခဲ့ကြ သည်ဟုငါမဆိုလိုပါ။ ထိုမေတ္တာစေတနာ ကိုပြသနိုင်ခွင့်မရခဲ့ကြောင်းကိုသာ ဆိုလိုပါ၏။-
1 Thessalonians 3:6ယခုအခါတိမောသေသည်ငါတို့ထံသို့ ပြန်လည်ရောက်ရှိလာပေပြီ။ သူသည်သင်တို့ ၏မေတ္တာနှင့်ယုံကြည်ခြင်းအကြောင်းသတင်း ကောင်းကိုယူဆောင်လာခဲ့၏။ သင်တို့သည် ငါတို့အားအစဉ်သတိရလျက်နေကြ ကြောင်းကိုလည်းကောင်း၊ သင်တို့အားငါတို့ တွေ့မြင်လိုသကဲ့သို့သင်တို့သည် ငါတို့အား တွေ့မြင်လိုကြကြောင်းကိုလည်းကောင်း တိမောသေကပြောပြ၏။-