1 ဓမ္မရာဇဝင်တတိယစောင် 11:12
ထိုနောက်ယောယဒသည်ယောရှအားထုတ် ဆောင်လာကာသရဖူကိုဆောင်းစေပြီး လျှင် မင်းကျင့်တရားကျမ်းကိုပေးအပ်၏။ ထို့နောက်သူ့အားဘိသိက်ပေး၍ ဘုရင် ဖြစ်ကြောင်းကြေညာလေသည်။ လူတို့သည် လည်းလက်ခုပ်တီးလျက်``မင်းကြီးသက် တော်ရှည်ပါစေသော'' ဟုကြွေးကြော် ကြကုန်၏။
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 11
Cross References
Exodus 31:18ဘုရားသခင်သည်သိနာတောင်ပေါ်တွင် မောရှေအားမိန့်တော်မူပြီးသောအခါ၊ ဘုရားသခင်ကိုယ်တော်တိုင်ပညတ်တော် များကိုအက္ခရာတင်သောကျောက်ပြား နှစ်ပြားကို၊ သူ့အားပေးတော်မူ၏။
1 Samuel 10:1ထိုနောက်ရှမွေလသည်သံလွင်ဆီဘူးကိုယူ ၍ ရှောလု၏ဦးခေါင်းပေါ်သို့သွန်းလောင်းပြီး လျှင် သူ့အားနမ်းရှုပ်လျက်``ထာဝရဘုရား သည်သင့်အား ကိုယ်တော်၏လူမျိုးတော်ဣသ ရေလအမျိုးသားတို့၏ဘုရင်အဖြစ်ဘိသိက် ပေးတော်မူ၏။ သင်သည်ကိုယ်တော်၏လူမျိုး တော်ကိုအုပ်စိုးလျက် ရန်သူတို့၏ဘေးမှ ကာကွယ်စောင့်ရှောက်ရမည်။ ထာဝရဘုရား သည်သင့်အားကိုယ်တော်၏လူမျိုးတော်ကို အုပ်စိုးရသူအဖြစ်ဖြင့် ဘိသိက်ပေးတော် မူကြောင်းသက်သေကားဤသို့တည်း။-
1 Samuel 16:13ရှမွေလသည်သံလွင်ဆီကိုယူ၍ဒါဝိဒ်အား သူ၏အစ်ကိုများရှေ့တွင်ဘိသိက်ပေးလေ သည်။ ထိုနေ့မှအစပြု၍ဘုရားသခင်၏ ဝိညာဉ်တော်သည် ဒါဝိဒ်အပေါ်သို့သက်ရောက် တည်နေတော်မူ၏။ ထိုနောက်ရှမွေလသည် ရာမမြို့သို့ပြန်လေ၏။
2 Samuel 2:4ထိုအခါယုဒပြည်သားတို့သည်ဟေဗြုန် မြို့သို့လာ၍ ဒါဝိဒ်အားယုဒဘုရင်အဖြစ် ဘိသိက်ပေးကြ၏။ ရှောလု၏အလောင်းကိုဂိလဒ်ပြည်၊ ယာဗက် မြို့သားတို့ကသင်္ဂြိုဟ်ကြကြောင်းဒါဝိဒ်ကြား သိသောအခါ၊-
2 Samuel 5:3ထို့ကြောင့်ဣသရေလခေါင်းဆောင်အပေါင်းတို့ သည် ဒါဝိဒ်ရှိရာဟေဗြုန်မြို့သို့ရောက်လာကြ ၏။ ဒါဝိဒ်သည်ဘုရားသခင်၏ရှေ့တော်တွင် သူတို့နှင့်သစ္စာကတိပြုတော်မူသဖြင့် သူ တို့ကဒါဝိဒ်အားဣသရေလဘုရင်အဖြစ် ဘိသိက်ပေးကြ၏။-
2 Samuel 16:16ဒါဝိဒ်၏လူယုံတော်ဟုရှဲသည်အဗရှလုံ ကိုတွေ့သောအခါ``မင်းကြီးသက်တော်ရှည် ပါစေသော။ မင်းကြီးသက်တော်ရှည်ပါစေ သော'' ဟုကြိုဆိုလေ၏။