1 ဓမ္မရာဇဝင်တတိယစောင် 13:21
အခါတစ်ပါး၌လူသေတစ်လောင်းကိုသင်္ဂြိုဟ် မည်ပြုနေစဉ် လူတို့သည်မောဘတပ်တစ်တပ် ကိုမြင်သဖြင့် အလောင်းကိုဧလိရှဲ၏သင်္ချိုင်း တွင်းသို့ပစ်ချပြီးလျှင်ထွက်ပြေးကြ၏။ ထို အလောင်းသည်ဧလိရှဲ၏အရိုးများနှင့်ထိ မိသည်နှင့်တစ်ပြိုင်နက် အသက်ပြန်ဝင်လာ ပြီးလျှင်မတ်တပ်ရပ်လေ၏။
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 13
Cross References
Isaiah 26:19ကျွန်တော်မျိုးတို့၏လူစုအနက်မှ သေလွန်သွားကြသူတို့သည်၊တစ်ဖန်ပြန်၍ အသက်ရှင်လာကြပါလိမ့်မည်။ သူတို့၏ခန္ဓာကိုယ်များသည်အသက်ဝင်၍ လာပါလိမ့်မည်။ သင်္ချိုင်းတွင်း၌လဲလျောင်းနေသောသူသေတို့သည် ထ၍ရွှင်လန်းစွာသီချင်းဆိုကြပါလိမ့်မည်။ အရောင်လျှပ်သည့်ဆီးနှင်းများသည်ကမ္ဘာမြေ ကြီးကို ပြန်လည်စိမ်းလန်းလာစေသကဲ့သို့ ကာလကြာမြင့်စွာကပင်သေလွန်ခဲ့သော သူတို့ကိုထာဝရဘုရားသည်ပြန်၍ အသက်ရှင်စေတော်မူပါလိမ့်မည်။
Matthew 27:52သင်္ချိုင်းဂူများပွင့်လစ်သဖြင့်သေလွန်ပြီးသူ ဘုရားသခင်၏လူစုတော်ဝင်အမြောက် အမြားပင်ရှင်ပြန်ထမြောက်ကြကုန်၏။-
John 5:28ဤအခြင်းအရာကိုသင်တို့မအံ့သြကြနှင့်။ သင်္ချိုင်းမှသူသေတို့သည်သားတော်၏အသံ တော်ကိုကြား၍ထွက်လာကြမည့်အချိန်ကျ ရောက်လိမ့်မည်။-
Acts 5:15လူတို့သည်သူနာများကိုယူဆောင်လာကြ ၏။ ပေတရုလျှောက်လာသောအခါယုတ်စွ အဆုံး၊ အချို့သောသူနာတို့အပေါ်သို့ ပေတရု၏အရိပ်လွှမ်းမိစေရန်အိပ်ရာ များ၊ ထမ်းစင်များဖြင့်သူနာများကိုလမ်း ပေါ်တွင်ချထားကြ၏။-
Revelation 11:11ထိုနောက်သုံးရက်ခွဲကြာသောအခါဘုရား သခင်၏ထံတော်မှအသက်ဝိညာဉ်သည် ထိုသူ တို့အထဲသို့ဝင်သဖြင့်သူတို့သည်ထ၍ မတ်တတ်ရပ်ကြ၏။ ဤအချင်းအရာကို တွေ့မြင်သူကမ္ဘာသူကမ္ဘာသားတို့သည် လည်းထိတ်လန့်ကြကုန်၏။-