ရှင်မဿဲခရစ်ဝင် 27:52
သင်္ချိုင်းဂူများပွင့်လစ်သဖြင့်သေလွန်ပြီးသူ ဘုရားသခင်၏လူစုတော်ဝင်အမြောက် အမြားပင်ရှင်ပြန်ထမြောက်ကြကုန်၏။-
Common Language Bible
In The King James Version
And the graves were opened; and many bodies of the saints which slept arose,
In Context
Cross References
Isaiah 26:19ကျွန်တော်မျိုးတို့၏လူစုအနက်မှ သေလွန်သွားကြသူတို့သည်၊တစ်ဖန်ပြန်၍ အသက်ရှင်လာကြပါလိမ့်မည်။ သူတို့၏ခန္ဓာကိုယ်များသည်အသက်ဝင်၍ လာပါလိမ့်မည်။ သင်္ချိုင်းတွင်း၌လဲလျောင်းနေသောသူသေတို့သည် ထ၍ရွှင်လန်းစွာသီချင်းဆိုကြပါလိမ့်မည်။ အရောင်လျှပ်သည့်ဆီးနှင်းများသည်ကမ္ဘာမြေ ကြီးကို ပြန်လည်စိမ်းလန်းလာစေသကဲ့သို့ ကာလကြာမြင့်စွာကပင်သေလွန်ခဲ့သော သူတို့ကိုထာဝရဘုရားသည်ပြန်၍ အသက်ရှင်စေတော်မူပါလိမ့်မည်။
Hosea 13:14ငါသည်ဤသူတို့ကိုမရဏာနိုင်ငံမှလည်း ကောင်း၊ သေမင်း၏အာဏာအတွင်းမှသော် လည်းကောင်းကယ်တင်မည်မဟုတ်။ အို သေမင်း သင်၏ကပ်ရောဂါဘေးကျရောက်စေလော့။ အို မရဏာနိုင်ငံသင်၏ပျက်စီးခြင်းဘေး ကျရောက်စေလော့။ ငါသည်ဤသူတို့ကို မသနားမကြင်နာတော့ပြီ။-
Acts 7:60သူသည်ဒူးထောက်၍``သခင်ဘုရား၊ ဤသူတို့ ပြုသောအပြစ်ကိုလွှတ်တော်မူပါ'' ဟုအသံ ကျယ်စွာကြွေးကြော်ပြီးနောက်အသက်ချုပ် လေ၏။
1 Corinthians 15:20သို့ရာတွင်အမှန်ဖြစ်ရပ်မှာခရစ်တော်သည် သေခြင်းမှရှင်ပြန်ထမြောက်တော်မူပြီ။ ယင်း သို့ထမြောက်တော်မူခြင်းကြောင့်သေလွန်သူ တို့သည် ရှင်ပြန်ထမြောက်ကြလိမ့်မည်ဖြစ် ကြောင်းအာမခံချက်ရရှိကြသည်။-
1 Thessalonians 4:14သခင်ယေရှုသည်အသေခံတော်မူပြီးနောက် ရှင်ပြန်ထမြောက်တော်မူသည်ဟုငါတို့ယုံကြည် သောကြောင့် ဘုရားသခင်သည်ကိုယ်တော်ကိုယုံ ကြည်လျက်သေလွန်သွားကုန်သောသူတို့အား ထိုအရှင်နှင့်အတူမိမိထံတော်သို့ပြန်၍ ခေါ်ဆောင်သွားတော်မူလိမ့်မည်ဟုငါတို့ ယုံကြည်ကြပေသည်။