ရှင်ပေတရုဩဝါဒစာဒုတိယစောင် 2:12
သို့ရာတွင်ထိုသူတို့သည်ထောင်ဖမ်း၍သတ် ဖြတ်ပစ်ရန်အတွက် ပေါက်ဖွားလာကြသည့် အသိဉာဏ်ကင်းမဲ့သောသားရဲတိရစ္ဆာန် များနှင့်တူကြသည်။ သူတို့သည်မိမိတို့ မသိနားမလည်သည့်အရာဟူသမျှကို ကဲ့ရဲ့ပြောဆိုတတ်ကြ၏။ အသိဉာဏ်ကင်း မဲ့သည့်သားရဲတိရစ္ဆာန်များနည်းတူ ပျက်စီးရကြလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Read all of ရှင်ပေတရုဩဝါဒစာဒုတိယစောင် 2
Cross References
Psalms 49:10ပညာရှိတို့သည်လည်းကောင်း၊မိုက်မဲ၍ အသိဉာဏ်တုံးသူတို့သည်လည်းကောင်း သေခြင်းတရားကိုမလွန်ဆန်နိုင်ကြောင်းကို မည်သူမဆိုတွေ့မြင်နိုင်ပေသည်။ သူတို့အားလုံးပင်မိမိတို့၏ဥစ္စာပစ္စည်းများကို သားမြေးများအတွက်ထားခဲ့ရကြ၏။
Psalms 94:8ငါ၏လူစုတော်တို့၊သင်တို့သည်အဘယ် သို့လျှင် ဤမျှအသိဉာဏ်တုံးလျက်မိုက်မဲ၍ နေနိုင်ကြပါသနည်း။ အဘယ်အခါကျမှတတ်သိလိမ္မာ၍ လာကြပါမည်နည်း။
Jeremiah 4:22ထာဝရဘုရားက``ငါ၏လူမျိုးတော်သည် မိုက်မဲထုံထိုင်းကြ၏။ သူတို့သည်ငါ့ကိုမသိ ကြ။ သူတို့သည်ကလေးမိုက်များနှင့်တူ၏။ သူတို့တွင်အသိပညာမရှိ။ သူတို့သည်ဒုစရိုက်ပြုရာတွင် ကျွမ်းကျင်ကြသော်လည်းသုစရိုက်ကိုမူ မပြုတတ်ကြ'' ဟုမိန့်တော်မူ၏။
Jeremiah 10:8သူတို့အပေါင်းသည်ထုံထိုင်းမိုက်မဲကြ ပါ၏။ သစ်သားရုပ်များကသူတို့အားအဘယ် အမှုအရာကို သွန်သင်ပေးနိုင်ပါမည်နည်း။
Jeremiah 12:3သို့ရာတွင် အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည် ကျွန်တော်မျိုး၏အကြောင်းကိုသိတော်မူပါ၏။ ကျွန်တော်မျိုးပြုကျင့်သည့်အမှုကိုလည်းကောင်း၊ ကိုယ်တော်ရှင်အား၊ကျွန်တော်မျိုး၏အကြံ အစည် ကိုလည်းကောင်းသိမြင်တော်မူပါ၏။ ထိုဆိုးညစ်သူတို့အားအသတ်ခံရမည့်သိုး များကဲ့သို့ ဆွဲထုတ်သွားတော်မူပါ၏။ အသတ်ခံရချိန်မတိုင်မီသူတို့အား စောင့်ကြပ်ထားတော်မူပါ၏။
John 8:21ထိုမှတစ်ဖန်ကိုယ်တော်က ``ငါသည်ထွက်ခွာ သွားရမည်။ သင်တို့သည်ငါ့ကိုရှာကြလိမ့် မည်။ သို့ရာတွင်သင်တို့သည်မိမိတို့အပြစ် ၌သေကြလိမ့်မည်။ ငါသွားမည့်အရပ်သို့ သင်တို့မလိုက်နိုင်ကြ'' ဟုမိန့်တော်မူ၏။