ရှင်ပေတရုဩဝါဒစာဒုတိယစောင် 2:3
ဤမိစ္ဆာဆရာတို့သည်လောဘကူးလျက် မဟုတ်မမှန်လုပ်ကြံပြောဆိုကာအမြတ် ထုတ်ကြလိမ့်မည်။ ရှေးကာလကပင်လျှင်သူတို့ အားတရားစီရင်မည့်အရှင်သည်အသင့်ရှိနေ တော်မူလေပြီ။ သူတို့အားသုတ်သင်ဖျက်ဆီး တော်မူမည့်အရှင်သည်အိပ်ပျော်လျက်နေ တော်မမူ။
Common Language Bible
In The King James Version
In Context
Read all of ရှင်ပေတရုဩဝါဒစာဒုတိယစောင် 2
Cross References
Deuteronomy 24:17``သင်တို့သည်လူမျိုးခြားနှင့်မိဘမဲ့ကလေး တို့ရထိုက်သောအခွင့်အရေးကိုပေးရမည်။ မုဆိုးမ၏အဝတ်အင်္ကျီကိုအပေါင်ပစ္စည်း အဖြစ်မယူရ။-
Psalms 18:44လူမျိုးခြားတို့သည်ကျွန်တော်မျိုး၏ရှေ့တွင် ဦးညွှတ်ပျပ်ဝပ်ကြပါ၏။ သူတို့သည်ကျွန်တော်မျိုး၏အမိန့်ကို ကြားသောအခါနာခံကြပါ၏။
Psalms 81:15ငါ့ကိုမုန်းသောသူတို့သည်ငါ့ရှေ့၌ ကြောက်ရွံ့ပျပ်ဝပ်ကြလိမ့်မည်။ သူတို့သည်ထာဝရအပြစ်ဒဏ်ခံရကြ လိမ့်မည်။
Isaiah 30:13သင်တို့သည်အပြစ်ဒဏ်ခံထိုက်သူများသာ တည်း။ သင်တို့သည်တောက်လျှောက်ကွဲအက် လျက်နေသော အုတ်တံတိုင်းမြင့်ကြီးကဲ့သို့ ရုတ်တရက်လဲပြိုပျက်စီးကြလိမ့်မည်။-
Isaiah 60:22သင်၏အနည်းဆုံးအညံ့ဆုံးသောသူပင်လျှင်၊ ထောင်ချီလျက်များပြားလာပြီး တန်ခိုးကြီးမားသည့်လူမျိုးသဖွယ်ကြီးမြတ်၍ လာလိမ့်မည်။ အချိန်ကျလျှင်ငါသည်ဤအတိုင်းလျင်မြန်စွာ ဖြစ်ပျက်စေတော်မူမည်။ ငါသည်ထာဝရဘုရားဖြစ်တော်မူပါသည် တကား။''
Jeremiah 8:10သို့ဖြစ်၍သူတို့လယ်ယာများကိုပိုင်ရှင် သစ်များသို့လည်းကောင်း၊ သူတို့ဇနီးများ ကိုအခြားသူတို့ထံသို့လည်းကောင်းငါ ပေးအပ်မည်။ ကြီးငယ်မဟူလူအပေါင်း တို့သည်မတရားစီးပွားရှာကြ၏။ ပရော ဖက်များနှင့်ယဇ်ပုရောဟိတ်များပင်လျှင် လူတို့ကိုလိမ်လည်ကြ၏။-