Isaiah 30:13
သင်တို့သည်အပြစ်ဒဏ်ခံထိုက်သူများသာ တည်း။ သင်တို့သည်တောက်လျှောက်ကွဲအက် လျက်နေသော အုတ်တံတိုင်းမြင့်ကြီးကဲ့သို့ ရုတ်တရက်လဲပြိုပျက်စီးကြလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
1 Kings 20:30ကျန်ကြွင်းသောသူတို့သည်အာဖက်မြို့ထဲသို့ ဝင်ပြေးကြရာ လူပေါင်းနှစ်သောင်းခုနစ်ထောင် အပေါ်သို့မြို့ရိုးပြိုကျလေ၏။ ဗင်္ဟာဒဒ်သည်လည်းမြို့ထဲသို့ဝင်ပြေးပြီးလျှင် အိမ်တစ်အိမ်ရှိအတွင်းခန်းတစ်ခုတွင်ပုန်း အောင်း၍နေ၏။-
Psalms 62:3သင်တို့အပေါင်းသည်ယိမ်းယိုင်လျက်ရှိသော နံရံနှင့် ပြိုကျပျက်စီးလျက်ရှိသောခြံဝင်းကဲ့သို့ အင်အားမရှိသည့်လူတစ်ယောက်အား အဘယ်မျှ ကြာအောင်တိုက်ခိုက်ကြပါမည်နည်း။
Psalms 73:19သူတို့သည်ချက်ချင်းပင်သေကြေပျက်စီး ကြပါ၏။ သူတို့၏နောက်ဆုံးဖြစ်အင်သည်ကြောက်မက်ဖွယ် ကောင်းလှပါ၏။
Isaiah 29:5အို ယေရုရှလင်မြို့၊ သင့်ကိုတိုက်ခိုက်ကြ သည့်လူမျိုးခြားအပေါင်းတို့သည် မြေမှုန့် ကဲ့သို့လည်းကောင်း၊ သူတို့၏ကြောက်မက် ဖွယ်ကောင်းသည့်စစ်တပ်များသည် ဖွဲကဲ့ သို့လည်းကောင်းချက်ခြင်းလွင့်စင်သွား ကြလိမ့်မည်။-
Ezekiel 13:14အုတ်မြစ်များအတိုင်းသားပေါ်လာစေ ရန်ရည်ရွယ်လျက် ငါသည်ပရောဖက်တို့ ထုံးသုတ်ထားသည့်မြို့ရိုးကိုဖြိုချချိုး ဖဲ့မည်။ မြို့ရိုးပြိုကျသောအခါ သင်တို့ သည်ပိ၍သေကြလိမ့်မည်။ ထိုအခါငါ သည်ထာဝရဘုရားဖြစ်တော်မူကြောင်း သင်တို့သိရှိကြလိမ့်မည်။''
Luke 6:49သို့ရာတွင်ငါ့တရားစကားကိုကြားနာပြီး နောက်မလိုက်လျှောက်သောသူမူကားအုတ်မြစ် မချဘဲမြေပေါ်မှာအိမ်ကိုတည်ဆောက်သူ နှင့်တူ၏။ မြစ်ရေလျှံ၍ထိုအိမ်ကိုတိုက်ခတ် လျှင်ချက်ချင်းပြိုလဲသွား၏။ ထိုအိမ်၏ အပျက်အစီးကားကြီးလှစွာတကား'' ဟု မိန့်တော်မူ၏။