1 ဓမ္မရာဇဝင်ပထမစောင် 16:21
အဟိသောဖေလက``နန်းတော်ကိုစောင့်စေ ရန်အရှင့်ခမည်းတော်ထားခဲ့သောမောင်းမ များရှိရာသို့ဝင်၍ ကိုယ်လက်နှီးနှောမှုကို ပြုတော်မူပါ။ သို့ပြုလျှင်ခမည်းတော်သည် အရှင့်အားရန်သူအဖြစ်သတ်မှတ်ကြောင်း လူအပေါင်းတို့သိသောအခါအရှင်၏ နောက်လိုက်နောက်ပါတို့သည်အလွန်အား ရကြပါလိမ့်မည်'' ဟုလျှောက်၏။-
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 16
Cross References
Genesis 6:4ကမ္ဘာပေါ်တွင်ထိုကာလနှင့်နောက်ပိုင်းကာလ၌ လူတို့၏သမီးများနှင့်အထက်ဘုံသားတို့မှ ပေါက်ဖွားလာသောသူများရှိကြ၏။ ထိုသူတို့ သည်ကိုယ်ခန္ဓာအလွန်ထွားကြိုင်း၍ ရှေးခေတ် အခါကနာမည်ကျော်လူစွမ်းကောင်းများ ဖြစ်ကြ၏။
Genesis 35:22ယာကုပ်သည်ထိုအရပ်တွင်နေထိုင်စဉ်ရုဗင် သည် ဖခင်၏မယားငယ်ဗိလဟာနှင့်ဖောက် ပြန်မှားယွင်းလေ၏။ ယာကုပ်သည်ထိုအကြောင်း ကိုကြားသိလေသည်။ ယာကုပ်တွင်သားတစ်ဆယ့်နှစ်ယောက်ရှိ၏။-
Genesis 49:3ရုဗင်၊သင်သည်ငါ၏သားဦး၊ငါ၏စွမ်းအား ငါပျိုရွယ်ချိန်၌ရသောသားဦးရှိသမျှ တို့တွင် အရေးပါအရာရောက်ဆုံးခွန်အားအကြီး ဆုံးဖြစ်၏။
Leviticus 20:11ဖခင်၏မယားတစ်ဦးဦးနှင့်ဖောက်ပြန်သူသည် မိမိဖခင်၏အသရေကိုဖျက်သဖြင့် သူတို့နှစ်ဦးစလုံးကိုသေဒဏ်စီရင်ရမည်။ သူတို့သည်သေထိုက်သောအပြစ်ကိုကူးလွန်ကြ၏။-
1 Samuel 27:12သို့ရာတွင်အာခိတ်သည်ဒါဝိဒ်၏စကားကို ယုံကြည်သဖြင့်``ဤလူသည်မိမိဣသရေလ အမျိုးသားတို့၏မုန်းတီးမှုကိုလွန်စွာခံရ ပြီဖြစ်၍တစ်သက်လုံးငါ၏အစေကိုခံရ ပေအံ့'' ဟုတွေးတောလျက်နေ၏။
2 Samuel 10:6အမ္မုန်ပြည်သားတို့သည်ဒါဝိဒ်အားမိမိတို့ ရန်ဘက်ပြုမိကြပြီဖြစ်ကြောင်းသိရှိလာ သဖြင့် ဗက်ရဟောဘမြို့နှင့်ဇောဘမြို့တို့ မှရှုရိစစ်သည်နှစ်သောင်းကိုလည်းကောင်း၊ တောဘမြို့မှလူတစ်သောင်းနှစ်ထောင်အပြင် မာခါမင်းနှင့်လူတစ်ထောင်ကိုလည်းကောင်း ငှားရမ်းကြ၏။-