ကမ္ဘာဦးကျမ်း 49:3
ရုဗင်၊သင်သည်ငါ၏သားဦး၊ငါ၏စွမ်းအား ငါပျိုရွယ်ချိန်၌ရသောသားဦးရှိသမျှ တို့တွင် အရေးပါအရာရောက်ဆုံးခွန်အားအကြီး ဆုံးဖြစ်၏။
Common Language Bible
In The King James Version
In Context
Cross References
Genesis 35:22ယာကုပ်သည်ထိုအရပ်တွင်နေထိုင်စဉ်ရုဗင် သည် ဖခင်၏မယားငယ်ဗိလဟာနှင့်ဖောက် ပြန်မှားယွင်းလေ၏။ ယာကုပ်သည်ထိုအကြောင်း ကိုကြားသိလေသည်။ ယာကုပ်တွင်သားတစ်ဆယ့်နှစ်ယောက်ရှိ၏။-
Genesis 46:8ယာကုပ်နှင့်အတူအီဂျစ်ပြည်သို့သွားရောက် ကြသော မိသားစုတို့၏နာမည်စာရင်းကို ဖော်ပြပေအံ့။ သားဦးရုဗင်နှင့်၊-
Numbers 1:20ယာကုပ်၏သားဦးဖြစ်သူရုဗင်၏အနွယ်မှအစပြု၍ စစ်မှုထမ်းနိုင်သူအသက်နှစ်ဆယ်နှင့်အထက်အရွယ်ရှိအမျိုးသားအားလုံးတို့ကို သားချင်းစုနှင့်မိသားစုအလိုက်စာရင်းကောက်ယူလေ၏။ စုစုပေါင်းလူဦးရေစာရင်းမှာအောက်ပါအတိုင်းဖြစ်သည်။ အနွယ် ဦးရေ ရုဗင် ၄၆၅၀၀ ရှိမောင် ၅၉၃၀၀ ဂဒ် ၄၅၆၅၀ ယုဒ ၇၄၆၀၀ ဣသခါ ၅၄၄၀၀ ဇာဗုလုန် ၅၇၄၀၀ ဧဖရိမ် ၄၀၅၀၀ မနာရှေ ၃၂၂၀၀ ဗင်္ယာမိန် ၃၅၄၀၀ ဒန် ၆၂၇၀၀ အာရှာ ၄၁၅၀၀ နဿလိ ၅၃၄၀၀ စုစုပေါင်း ၆၀၃၅၅၀
Deuteronomy 21:17သားဦးသည်သူပို၍ချစ်သောမယား၏သား မဟုတ်သော်လည်း သူရသင့်ရထိုက်သောအမွေ ဥစ္စာနှစ်ဆကိုပေးရမည်။ ထိုသားသည်သား ဦးဖြစ်သည်ကိုအသိအမှတ်ပြုလျက် သူ့ အားတရားဝင်ရထိုက်သောဝေစုကိုပေး ရမည်။''
Deuteronomy 33:6ထို့နောက်မောရှေကရုဗင်အနွယ်ကို ရည်သန်၍ ဤသို့ဖွဲ့ဆိုလေသည်။ ``ရုဗင်အနွယ်သည်လူအင်အားနည်းသော်လည်း အမျိုးမတိမ်ကောပါစေနှင့်၊''
1 Chronicles 5:1ရုဗင်၏သားမြေးများကားအောက်ပါ အတိုင်းဖြစ်၏။ (ရုဗင်သည်ဣသရေလ ၏သားဦးဖြစ်သော်လည်း အဖ၏မောင်းမ တစ်ယောက်နှင့်ပြစ်မှားသဖြင့် သားဦး၏ အခွင့်အရေးများကိုဆုံးရှုံးရလေသည်။ ထိုအခွင့်အရေးများသည်ဣသရေလ ၏သားယောသပ်၏လက်သို့ရောက်ရှိ သွား၏။ သို့ဖြစ်၍သားစဉ်မြေးဆက် အလိုက်ရေတွက်သောအခါ သားဦး အရာကိုရုဗင်မရရှိပေ။-