The Bible Software
bible.software › တိမောသေဩဝါဒစာဒုတိယစောင် › တိမောသေဩဝါဒစာဒုတိယစောင် 2 › တိမောသေဩဝါဒစာဒုတိယစောင် 2:4

တိမောသေဩဝါဒစာဒုတိယစောင် 2:4

အ​လုပ်​ဝတ္တ​ရား​ထမ်း​ဆောင်​နေ​ဆဲ​ဖြစ်​သော စစ်​သား​သည်​မိ​မိ​နှင့်​မ​ဆိုင်​သည့်​အ​ရေး အ​ခင်း​များ​တွင်​ပါ​ဝင်​မှု​ကို​ရှောင်​ရှား​တတ်​၏။ သူ​၏​တစ်​ခု​တည်း​သော​ရည်​ရွယ်​ချက်​မှာ မိ​မိ​တပ်​မှူး​၏​ကျေ​နပ်​မှု​ကို​ရ​ရှိ​ရန်​ပင် ဖြစ်​ပေ​သည်။-

Common Language Bible

In The King James Version

No man that warreth entangleth himself with the affairs of this life; that he may please him who hath chosen him to be a soldier.

In Context

3သင်​သည်​ခ​ရစ်​တော်​ယေ​ရှု​၏​စစ်​သည်​တော် ကောင်း​အ​နေ​ဖြင့်​ဆင်း​ရဲ​ဒုက္ခ​ကို​ခံ​လော့။-

5အား​က​စား​မှု​ဆိုင်​ရာ​စည်း​ကမ်း​ဥ​ပ​ဒေ​များ ကို​မ​လိုက်​နာ​လျှင် အ​ဘယ်​အား​က​စား​သ​မား မျှ​အောင်​ပန်း​ကို​ဆွတ်​ခူး​နိုင်​လိမ့်​မည်​မ​ဟုတ်။-

Read all of တိမောသေဩဝါဒစာဒုတိယစောင် 2

Cross References

Deuteronomy 20:5``ထို​နောက်​စစ်​ဗိုလ်​များ​က`သင်​တို့​တွင်​အိမ် သစ်​တစ်​ဆောင်​ကို​ဆောက်​၍ ဘု​ရား​သ​ခင်​ထံ ဆက်​ကပ်​ခြင်း​မ​ပြု​ရ​သေး​သူ​ရှိ​သ​လော။ ရှိ​လျှင်​ထို​သူ​သည်​အိမ်​သို့​ပြန်​စေ။ သို့​မ​ဟုတ် လျှင်​အ​ကယ်​၍ သူ​သည်​တိုက်​ပွဲ​တွင်​ကျ​ဆုံး ခဲ့​သော်​အ​ခြား​သူ​တစ်​ယောက်​က သူ့​အိမ် ကို​ဘု​ရား​သ​ခင်​ထံ​ဆက်​ကပ်​ရ​လိမ့်​မည်။-

Luke 9:59ကိုယ်​တော်​သည်​အ​ခြား​လူ​တစ်​ယောက်​အား ``ငါ့ နောက်​သို့​လိုက်​လော့'' ဟု​မိန့်​တော်​မူ​၏။ သို့​ရာ​တွင်​ထို​သူ​က ``အ​ကျွန်ုပ်​အ​ဖ​၏​အ​လောင်း ကို​ဦး​စွာ​သွား​၍​သင်္ဂြိုဟ်​ခွင့်​ပေး​တော်​မူ​ပါ'' ဟု လျှောက်​၏။

1 Corinthians 9:25ပြိုင်​ပွဲ​ဝင်​ရန်​လေ့​ကျင့်​သူ​အား​က​စား​သ​မား တိုင်း​ပင် ကြပ်​တည်း​သည့်​စည်း​ကမ်း​များ​ကို​ထိန်း သိမ်း​စောင့်​ရှောက်​ရ​၏။ ထို​သူ​တို့​ဤ​သို့​ပြု​ကြ ခြင်း​မှာ ညှိုး​နွမ်း​ပျက်​စီး​နိုင်​သော​ပန်း​ဦး​ရစ် ကို​ရ​ရှိ​ရန်​ပြု​ကြ​ခြင်း​ဖြစ်​ပေ​သည်။ ငါ​တို့ မူ​ကား​မ​ညှိုး​နွမ်း​မ​ပျက်​စီး​နိုင်​သော ပန်း​ဦး ရစ်​ကို​ရ​ရှိ​ရန်​ပြု​ကြ​၏။-

1 Thessalonians 2:4ယင်း​သို့​ပြု​မည့်​အ​စား​သ​ခင်​ဘု​ရား​သည် ငါ​တို့​အား​ထိုက်​တန်​သူ​များ​အ​ဖြစ်​လက်​ခံ တော်​မူ​သ​ဖြင့် သ​တင်း​ကောင်း​ကြေ​ညာ​ရန် လွှဲ​အပ်​တော်​မူ​သည်​နှင့်​အ​ညီ​ငါ​တို့​သည် ကိုယ်​တော်​ဟော​ပြော​စေ​သည့်​အ​တိုင်း​အ​စဉ် ပင်​ဟော​ပြော​ကြ​၏။ ငါ​တို့​သည်​လူ​တို့​နှစ် သက်​မှု​ကို​ရ​ရန်​မ​ကြိုး​စား။ ငါ​တို့​စိတ် နှ​လုံး​ကို​စစ်​ဆေး​ကြည့်​ရှု​တော်​မူ​တတ် သော၊ ဘု​ရား​သ​ခင်​နှစ်​သက်​မှု​ကို​သာ လျှင်​ရ​ရန်​ကြိုး​စား​ကြ​၏။-

2 Timothy 4:10ဒေ​မ​သည်​ဤ​လော​က​ကို​စွဲ​လမ်း​သ​ဖြင့်​ငါ့​ကို စွန့်​ခွာ​၍​သက်​သာ​လော​နိတ်​မြို့​သို့​ထွက်​ခွာ​သွား လေ​သည်။ က​ရက္ကေ​သည်​ဂ​လာ​တိ​ပြည်​သို့​လည်း ကောင်း၊ တိ​တု​သည်​ဒါ​လ​မာ​တိ​ပြည်​သို့​လည်း ကောင်း​သွား​ပြီ။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study တိမောသေဩဝါဒစာဒုတိယစောင် 2:4

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)Robertson's Word Pictures
← တိမောသေဩဝါဒစာဒုတိယစောင် 2:3တိမောသေဩဝါဒစာဒုတိယစောင် 2တိမောသေဩဝါဒစာဒုတိယစောင် 2:5 →