တမန်တော်ဝတ္ထု 1:24
ထိုနောက်တပည့်တော်တို့သည်``အို သခင်ဘုရား၊ ကိုယ်တော်ရှင်သည်လူအပေါင်းတို့၏စိတ်နှလုံး ကိုသိတော်မူပါ၏။ ယုဒသည်မိမိနှင့်ထိုက်ရာ အရပ်သို့လားရအံ့သောငှာ တမန်တော်ရာထူး ကိုစွန့်လွှတ်၍သွားပါပြီ။ ထိုရာထူးတွင်ဤသူ နှစ်ယောက်အနက် အဘယ်သူကိုကိုယ်တော်ရှင် ရွေးကောက်ခန့်ထားတော်မူသည်ကို အကျွန်ုပ်တို့ အားဖော်ပြတော်မူပါ'' ဟုဆုတောင်းပတ္ထနာ ပြုကြ၏။-
Common Language Bible
In The King James Version
In Context
Cross References
1 Samuel 16:7သို့ရာတွင်ထာဝရဘုရားက``ထိုသူ၏ အရပ်အမောင်းကောင်းမှုနှင့်တင့်တယ် လှပမှုတို့ကိုမကြည့်နှင့်။ ငါသည်လူတို့ ကဲ့သို့အကဲဖြတ်သည်မဟုတ်။ သို့ဖြစ်၍ သူ့ကိုငါပယ်ပြီ။ လူသည်ပြင်ပသဏ္ဌာန်ကို ကြည့်တတ်၏။ ငါမူကားစိတ်နှလုံးကို ကြည့်၏'' ဟုမိန့်တော်မူ၏။
1 Chronicles 28:9ထိုနောက်ရှောလမုန်အား``ငါ့သား၊ သင်သည် မိမိ၏အဖကိုးကွယ်သော ဘုရားသခင်ကို အသိအမှတ်ပြု၍ယုံမှားသံသယမရှိ ဘဲ နူးညွတ်သောစိတ်နှင့်ဝတ်ပြုကိုးကွယ်ရန် ငါသည်သင့်အားတာဝန်ပေးအပ်၏။ ကိုယ်တော် သည်ငါတို့၏အကြံအစည်များနှင့်လိုအင် ဆန္ဒရှိသမျှတို့ကိုသိတော်မူ၏။ သင်သည် အထံတော်သို့ချဉ်းကပ်ပါမူ ကိုယ်တော်သည် သင့်အားနှစ်သက်လက်ခံတော်မူလိမ့်မည်။ သို့ရာတွင်သင်သည်ကိုယ်တော်အားကျော ခိုင်းမည်ဆိုပါကကိုယ်တော်သည်လည်း သင့်အားအစဉ်အမြဲစွန့်ပစ်တော်မူ ပေအံ့။-
Psalms 7:9ကိုယ်တော်ရှင်သည်ဖြောင့်မတ်တော်မူသောဘုရားဖြစ်တော်မူပါ၏။ လူတို့၏အကြံအစည်များနှင့်လိုအင်ဆန္ဒများကိုလည်းစစ်ဆေးတော်မူပါ၏။ သူယုတ်မာတို့၏ဆိုးညစ်မှုကိုဆီးတားတော်မူလျက်၊ သူတော်ကောင်းတို့အားကောင်းကျိုးကိုပေးသနားတော်မူပါ။
Proverbs 3:5ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။
Jeremiah 11:20ထိုအခါငါသည်``အို အနန္တတန်ခိုးရှင်ထာဝရ ဘုရား၊ ကိုယ်တော်ရှင်သည်ဖြောင့်မှန်စွာတရား စီရင်တော်မူတတ်သောအရှင်ဖြစ်တော်မူ ပါ၏။ လူတို့၏အကြံအစည်နှင့်စိတ်နေ သဘောထားတို့ကိုလည်းစစ်ဆေးကြည့်ရှု တော်မူတတ်ပါ၏။ ကျွန်တော်မျိုးသည်မိမိ ၏အမှုကိုကိုယ်တော်ရှင်၏လက်တော်တွင် အပ်နှံထားပါပြီ။ သို့ဖြစ်၍ထိုသူတို့အား ကိုယ်တော်ရှင်လက်စားချေတော်မူသည်ကို ကျွန်တော်မျိုးမြင်ပါရစေ'' ဟုဆုတောင်း၏။
Jeremiah 20:12သို့ရာတွင်အနန္တတန်ခိုးရှင်ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်လူတို့ကိုတရားသဖြင့် စစ်ဆေးတော်မူတတ်ပါ၏။ သူတို့၏စိတ်နှလုံးအကြံအစည်များကို သိတော်မူပါ၏။ သို့ဖြစ်၍ရန်သူများအားကိုယ်တော်ရှင် လက်စားချေသည်ကိုကျွန်တော်မျိုးမြင်ပါ ရစေ။ ကျွန်တော်မျိုးသည်မိမိ၏အမှုကိုလက် တော်သို့ ပေးအပ်၍ထားပါပြီ။