တမန်တော်ဝတ္ထု 10:48
ထိုနောက်ပေတရုသည်ထိုသူတို့အားယေရှု ခရစ်၏နာမတော်ကိုအမှီပြု၍ ဗတ္တိဇံမင်္ဂလာ ခံစေရန်အမိန့်ပေးလေ၏။ ထိုနောက်ပေတရု အားမိမိတို့နှင့်အတူ ရက်အနည်းငယ်နေ ထိုင်ရန်ထိုသူတို့သည်မေတ္တာရပ်ခံကြ၏။
Common Language Bible
In The King James Version
In Context
Cross References
John 4:40သို့ဖြစ်၍သူတို့သည်ကိုယ်တော်၏ထံတော် သို့ရောက်ကြသောအခါ မိမိတို့ထံတွင် တည်းခိုတော်မူပါဟုလျှောက်ထားတောင်းပန် ကြ၏။ သခင်ယေရှုသည်ထိုအရပ်တွင်နှစ် ရက်မျှနေတော်မူ၏။
Acts 8:12သို့သော်ဘုရားသခင်၏နိုင်ငံတော်အကြောင်း၊ သခင်ယေရှုခရစ်၏အကြောင်းသတင်းကောင်း ကို ဖိလိပ္ပုဟောပြောသောအခါထိုသူတို့ ယုံကြည်လာကြသဖြင့် အမျိုးသားများ ရောအမျိုးသမီးများပါဗတ္တိဇံမင်္ဂလာ ကိုခံကြလေသည်။-
Acts 16:15သူနှင့်တကွအိမ်သူအိမ်သားတို့သည်ဗတ္တိဇံ မင်္ဂလာခံယူကြ၏။ ထိုနောက်လုဒိက ``ကျွန်မ သည်သခင်ဘုရားကိုအကယ်ပင်ယုံကြည်သူ ဖြစ်သည်ဟု သင်တို့လက်ခံပါလျှင်ကျွန်မ၏ အိမ်သို့လာရောက်တည်းခိုကြပါ'' ဟုကျွန်ုပ် တို့အားဖျောင်းဖျလေသည်။
1 Corinthians 1:13ခရစ်တော်သည်ကွဲပြားသလော။ ပေါလုသည် သင်တို့အတွက်လက်ဝါးကပ်တိုင်ပေါ်မှာ အသေ ခံပါသလော။ သို့တည်းမဟုတ်သင်တို့သည် ပေါလု၏နာမကိုအမှီပြု၍ဗတ္တိဇံကိုခံ ယူခဲ့ကြပါသလော။