တမန်တော်ဝတ္ထု 9:20
တရားဇရပ်များသို့ချက်ချင်းသွားရောက် ၍ သခင်ယေရှုသည်ဘုရားသခင်၏သား တော်ဖြစ်ကြောင်းဟောပြောလေ၏။
Common Language Bible
In The King James Version
And straightway he preached Christ in the synagogues, that he is the Son of God.
In Context
Cross References
Psalms 2:12တုန်လှုပ်လျက်ရှေ့တော်တွင်ဦးညွှတ်ပျပ်ဝပ်ကြလော့။ ယင်းသို့မပြုပါမူကိုယ်တော်သည် အမျက်တော်ထွက်တော်မူသဖြင့် သင်တို့သည်မုချသေကြေပျက်စီးကြလိမ့်မည်။ ကိုယ်တော်ထံတော်သို့ချဉ်းကပ်ခိုလှုံသူ အပေါင်းတို့သည်မင်္ဂလာရှိကြ၏။
Matthew 26:63သို့ရာတွင်သခင်ယေရှုသည်ဆိတ်ဆိတ်နေတော် မူ၏။ ယဇ်ပုရောဟိတ်မင်းက ``သင်သည်ဘုရား သခင်၏သားတော်မေရှိယလော။ ငါ့အားဖြေ ကြားလော့။ အသက်ရှင်တော်မူသောဘုရား သခင်ကိုတိုင်တည်၍သင့်အားငါမေး၏'' ဟု ဆို၏။
Matthew 27:54တပ်မှူးနှင့်တကွသခင်ယေရှုကိုစောင့်ကြည့် နေကြသောစစ်သားများသည်မြေငလျင်လှုပ် သည်ကိုလည်းကောင်း၊ အခြားအဖြစ်အပျက်များ ကိုလည်းကောင်းတွေ့မြင်ကြသောအခါလွန်စွာ ကြောက်လန့်ကြ၍ ``ဤသူကားအကယ်ပင်ဘုရား သခင်၏သားတော်ဖြစ်၏'' ဟုဆိုကြ၏။
John 19:7လူထုက ``ထိုသူသည်မိမိကိုယ်ကိုဘုရား သခင်၏သားတော်ဟုဆိုသောကြောင့် သေဒဏ် ခံထိုက်ကြောင်း အကျွန်ုပ်တို့တရားဥပဒေ ကဆိုပါသည်'' ဟုပြန်၍ဖြေကြား၏။
John 20:31သို့ရာတွင်သခင်ယေရှုသည်ဘုရားသခင်၏ သားတော်မေရှိယအရှင်ဖြစ်တော်မူကြောင်း သင်တို့ယုံကြည်ကြစေရန်လည်းကောင်း၊ ယင်း သို့ယုံကြည်ခြင်းအားဖြင့်ကိုယ်တော်၏နာမ တော်ကိုအမှီပြု၍အသက်ကိုရနိုင်ကြစေ ရန်လည်းကောင်းဤကျမ်းကိုရေးသားပြုစု သတည်း။
Acts 8:37(ဖိလိပ္ပုက``သင်သည်သခင်ယေရှုအားစိတ် နှလုံးအကြွင်းမဲ့ယုံကြည်ပါလျှင်ဗတ္တိဇံ မင်္ဂလာခံနိုင်ပါသည်'' ဟုပြန်ပြော၏။ အရာရှိ ကလည်း``သခင်ယေရှုခရစ်သည်ဘုရားသခင် ၏သားတော်ဖြစ်ကြောင်းအကျွန်ုပ်ယုံကြည်ပါ သည်'' ဟုဆို၏။)-