တမန်တော်ဝတ္ထု 2:10
ဖြူဂိပြည်၊ ပမ်ဖုလိပြည်၊ အီဂျစ်ပြည်များမှ လည်းကောင်း၊ ကုရေနေမြို့အနီးလိဗုနယ်ပယ် များမှလည်းကောင်းလာကြသူများဖြစ်၏။ အချို့သောငါတို့သည်ရောမမြို့မှရောက် လာသော၊-
Common Language Bible
In The King James Version
In Context
Cross References
Genesis 12:10ခါနာန်ပြည်တွင်အစာခေါင်းပါးခြင်းဘေး ဆိုက်ရောက်၍ အခြေအနေဆိုးရွားလာသ ဖြင့်အာဗြံသည် အီဂျစ်ပြည်၌ခေတ္တနေထိုင် ရန်တောင်ဘက်သို့ခရီးထွက်ခဲ့လေသည်။-
Isaiah 19:23ထိုအချိန်ကာလကျရောက်လာသောအခါ အီဂျစ်ပြည်နှင့်အာရှုရိပြည်စပ်ကြားတွင် လမ်းမကြီးတစ်သွယ်ဖောက်လုပ်ထားလိမ့်မည်။ ထိုပြည်များမှလူတို့သည်တစ်ပြည်နှင့်တစ် ပြည်အပြန်အလှန်ကူးသန်းသွားလာလျက် အတူတကွကိုးကွယ်ဝတ်ပြုမှုကိုပြု ကြလိမ့်မည်။-
Jeremiah 46:9မြင်းများတို့တက်ကြလော့။ ရထားများတို့၊အပြင်းနှင်ကြလော့။ ဒိုင်းလွှားကိုင်ဆောင်သူဆူဒန်ပြည်သားနှင့် လစ်ဗျားပြည်သားတို့လုဒပြည်သားလေး သည်တော် အစရှိသည့် စစ်သည်တော်တို့ထွက်သွားကြလော့' ဟုဆို၏'' ဟူ၍ ထာဝရဘုရားမိန့်တော်မူ၏။
Daniel 11:43သူသည်အီဂျစ်ပြည်တွင်လျှို့ဝှက်ထား သည့်ရွှေငွေဘဏ္ဍာများနှင့် အခြားအဖိုး ထိုက်သည့်ပစ္စည်းဥစ္စာများကိုသိမ်းယူသွား လိမ့်မည်။ လစ်ဗျားနှင့်ဆူဒန်နိုင်ငံတို့ကို လည်းနှိမ်နင်းအောင်မြင်လိမ့်မည်။-
Zechariah 8:20အနန္တတန်ခိုးရှင်ထာဝရဘုရားက``တိုင်း နိုင်ငံကြီးများနှင့်မြို့များမှလူတို့သည် ယေရုရှလင်မြို့သို့လာရောက်ကြမည့် အချိန်ကျရောက်လာလိမ့်မည်။-
Matthew 2:15ဤအမှုအရာကား ``ငါ့သားကိုအီဂျစ်ပြည်မှ ခေါ်ခဲ့၏'' ဟူ၍ပရောဖက်အားဖြင့်မိန့်ကြားတော် မူသောထာဝရဘုရား၏ဗျာဒိတ်တော်အတိုင်း ဖြစ်ပျက်ခြင်းပင်ဖြစ်သတည်း။