တမန်တော်ဝတ္ထု 12:19
ဟေရုဒ်မင်းသည်ပေတရုကိုရှာစေရာမတွေ့ သဖြင့် အစောင့်စစ်သားတို့အားစစ်ဆေးမေး မြန်း၍ သေဒဏ်ပေးရန်အမိန့်ချမှတ်လိုက်လေ သည်။ ထိုနောက်ဟေရုဒ်မင်းသည် ယုဒပြည်မှထွက်ခွာ ၍ ကဲသရိမြို့တွင်ကာလအနည်းငယ်စံနေ တော်မူ၏။
Common Language Bible
In The King James Version
In Context
Cross References
1 Samuel 23:14ဒါဝိဒ်သည်ဇိဖတောကန္တာရရှိတောင်ထူ ထပ်သောအရပ်တွင်ပုန်းအောင်းလျက်နေ၏။ ရှောလုသည်သူ့အားအချိန်ရှိသမျှကြိုး စား၍ရှာဖွေသော်လည်း ဘုရားသခင်သည် ဒါဝိဒ်အားရှောလု၏လက်သို့ပေးအပ်တော် မမူ။-
Esther 6:12ထိုနောက်မော်ဒကဲသည် နန်းတော်တံခါးဝ သို့ပြန်ရောက်လေ၏။ ဟာမန်မူကားညည်း တွား၍ ဦးခေါင်းခြုံလျက်အိမ်သို့ပြန်ပြီး လျှင်၊-
Jeremiah 36:26ထိုနောက်သူသည်အာဇရေလ၏သား၊ စရာယ၊ အာဗဒေလ၏သားရှေလမိတို့နှင့်အတူ သားတော်ယေရမေလအား ငါနှင့်ငါ၏စာ ရေးဗာရုတ်ကိုဖမ်းဆီးရန်အမိန့်ပေးလေ သည်။ သို့ရာတွင်ထာဝရဘုရားသည်ငါ တို့နှစ်ယောက်အားဝှက်ထားတော်မူ၏။
Matthew 2:13ပညာရှိများထွက်ခွာသွားကြပြီးနောက်ယောသပ် သည် ထာဝရဘုရား၏ကောင်းကင်တမန်တစ်ပါး ကိုအိပ်မက်တွင်မြင်ရ၏။ ကောင်းကင်တမန်က ``ထ လော့၊ သူငယ်တော်နှင့်မယ်တော်ကိုခေါ်၍အီဂျစ် ပြည်သို့ထွက်ပြေးလော့။ ဟေရုဒ်မင်းသည်သူငယ် တော်ကိုသတ်ရန်ရှာလိမ့်မည်။ သင်တို့အားပြန် လာရန်ငါအမိန့်မပေးမချင်းထိုအရပ်တွင် နေလော့'' ဟုဆို၏။-
Matthew 28:11အမျိုးသမီးတို့ထွက်ခွာသွားကြစဉ်အစောင့် တပ်သားအချို့တို့သည်မြို့ထဲသို့ဝင်၍ ယဇ်ပုရော ဟိတ်ကြီးများအားဖြစ်ပျက်သည့်အကြောင်း အရာအလုံးစုံကိုကြားပြောကြ၏။-
Acts 8:40ဖိလိပ္ပုသည်အာဇုတ်မြို့သို့မိမိရောက်ရှိနေ သည်ကိုသိရ၏။ ထိုနောက်သူသည်ကဲသရိ မြို့သို့သွား၏။ လမ်းခရီးတွင်တစ်မြို့ပြီး တစ်မြို့သို့ဝင်၍သတင်းကောင်းကိုဟော ပြောကြေညာလေသည်။