The Bible Software
bible.software › တမန်တော်ဝတ္ထု › တမန်တော်ဝတ္ထု 12 › တမန်တော်ဝတ္ထု 12:20

တမန်တော်ဝတ္ထု 12:20

ဟေ​ရုဒ်​မင်း​သည်​တု​ရု​မြို့​သား​များ​နှင့် ဇိ​ဒုန် မြို့​သား​တို့​အ​ပေါ်​တွင်​များ​စွာ​အ​မျက်​ထွက် သ​ဖြင့် ထို​မြို့​သား​တို့​သည်​စု​ရုံး​လျက်​မင်း ကြီး​ထံ​သို့​လာ​ရောက်​ကြ​၏။ ဦး​စွာ​ပ​ထ​မ နန်း​တော်​အုပ် ဗ​လတ္တု​၏​အ​ကူ​အ​ညီ​ကို​ရ​ယူ ကြ​၏။ ထို့​နောက်​ဟေ​ရုဒ်​မင်း​ထံ​သို့​ဝင်​၍​ငြိမ်း ချမ်း​ရေး​အ​တွက် စ​ကား​ကမ်း​လှမ်း​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​၏​ပြည်​သည် ဟေ​ရုဒ်​မင်း​၏​ပြည်​ကို​မှီ​ခို​စား​သောက်​ရ သော​ကြောင့်​ဖြစ်​၏။

Common Language Bible

In The King James Version

And Herod was highly displeased with them of Tyre and Sidon: but they came with one accord to him, and, having made Blastus the king’s chamberlain their friend, desired peace; because their country was nourished by the king’s country.

In Context

19ဟေ​ရုဒ်​မင်း​သည်​ပေ​တ​ရု​ကို​ရှာ​စေ​ရာ​မ​တွေ့ သ​ဖြင့် အ​စောင့်​စစ်​သား​တို့​အား​စစ်​ဆေး​မေး မြန်း​၍ သေ​ဒဏ်​ပေး​ရန်​အ​မိန့်​ချ​မှတ်​လိုက်​လေ သည်။ ထို​နောက်​ဟေ​ရုဒ်​မင်း​သည် ယု​ဒ​ပြည်​မှ​ထွက်​ခွာ ၍ ကဲ​သ​ရိ​မြို့​တွင်​ကာ​လ​အ​နည်း​ငယ်​စံ​နေ တော်​မူ​၏။

21ဟေ​ရုဒ်​မင်း​သည်​ချိန်း​ချက်​ထား​သည့်​နေ့​၌ မင်း မြောက်​တန်​ဆာ​များ​ကို​ဝတ်​ဆင်​ပြီး​လျှင် ရာ​ဇ ပလ္လင်​တော်​ပေါ်​တွင်​ထိုင်​တော်​မူ​လျက် လူ​တို့ အား​မိန့်​ခွန်း​မြွက်​ကြား​တော်​မူ​၏။-

Read all of တမန်တော်ဝတ္ထု 12

Cross References

Genesis 10:19ဇိ​ဒုန်​မြို့​မှ​တောင်​ဘက်​ရှိ​ဂါဇ​မြို့​အ​နီး​ဂေ​ရာ မြို့​သို့​လည်း​ကောင်း၊ အ​ရှေ့​ဘက်​ရှိ​သောဒုံ​မြို့၊ ဂေါ မော​ရ​မြို့၊ အာ​ဒ​မာ​မြို့​နှင့်​လာ​ရှ​မြို့​အ​နီး ဇေ​ဘိုင်​မြို့​သို့​လည်း​ကောင်း​အ​နှံ့​အ​ပြား ရောက်​ရှိ​နေ​ထိုင်​ကြ​၏။-

1 Kings 5:9ကျွန်ုပ်​၏​လူ​တို့​သည်​သစ်​လုံး​များ​ကို​လေ ဗ​နုန်​တောင်​မှ​ပင်​လယ်​ကမ်း​ခြေ​အ​ထိ​ယူ ဆောင်​ကာ​ဖောင်​ဖွဲ့​၍ အ​ဆွေ​တော်​အ​လို​ရှိ ရာ​ဆိပ်​ကမ်း​သို့​မျှော​ချ​ပေး​ပါ​မည်။ သူ တို့​သည်​ထို​ဆိပ်​ကမ်း​တွင်​ဖောင်​များ​ကို ဖျက်​၍ သစ်​လုံး​များ​ကို​အ​ဆွေ​တော်​၏​လူ တို့​အား​ပေး​အပ်​ကြ​ပါ​မည်။ အ​ဆွေ​တော် အ​နေ​ဖြင့်​ကျွန်ုပ်​၏​လူ​များ​အ​တွက်​စား နပ်​ရိက္ခာ​ကို​ထောက်​ပံ့​စေ​လို​ပါ​သည်'' ဟု ပြန်​ကြား​လိုက်​၏။

2 Chronicles 2:15အ​ဆွေ​တော်​က​တိ​ပြု​သည်​အ​တိုင်း​ယ​ခု ကျွန်ုပ်​ထံ​သို့​ဂျုံ၊ မု​ယော​ဆန်၊ စ​ပျစ်​ရည် နှင့်​သံလွင်​ဆီ​တို့​ကို​ပေး​ပို့​လိုက်​ပါ​လော့။-

Proverbs 17:14ရန်တွေ့စအမှုသည် ရေကန်ပေါင်ပေါက်စကဲ့သို့ ဖြစ်သောကြောင့်၊ ရန်မတွေ့မှီတွေ့စရာ အကြောင်းကို ရှောင်လော့။

Proverbs 25:8အလျင်အမြန် ရန်မတွေ့နှင့်။ အိမ်နီးချင်းသည် သင့်ကို အရှက်ခွဲပြီးမှ၊ သင်သည် အဘယ်သို့ ပြုမည်နည်း။

Isaiah 23:1ဤ​ဗျာ​ဒိတ်​တော်​သည်​တု​ရု​မြို့​နှင့်​သက်​ဆိုင် သည့်​ဗျာ​ဒိတ်​တော်​ဖြစ်​၏။ ပင်​လယ်​သို့​ရောက်​ရှိ နေ​ကြ​သူ​အ​ချင်း​သင်္ဘော​သား​တို့၊ ဝမ်း​နည်း လျက်​ငို​ကြွေး​မြည်​တမ်း​ကြ​လော့။ သင်​တို့​၏ ဌာ​နေ​ဖြစ်​သည့်​တု​ရု​သင်္ဘော​ဆိပ်​မြို့​သည်​ပျက် ပြုန်း​သွား​လေ​ပြီ။ ယင်း​၏​အိမ်​များ​နှင့်​ဆိပ် ကမ်း​များ​သည်​ယို​ယွင်း​ပျက်​စီး​လျက်​နေ ၏။ ထို​သ​တင်း​ကို​သင်​တို့​သည်​ကု​ပ​ရု​ပြည် မှ​အ​ပြန်​ခ​ရီး​တွင်​ကြား​သိ​ရ​ကြ​၏။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study တမန်တော်ဝတ္ထု 12:20

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesJohn LightfootGeneva Bible Notes (1599)Robertson's Word Pictures
← တမန်တော်ဝတ္ထု 12:19တမန်တော်ဝတ္ထု 12တမန်တော်ဝတ္ထု 12:21 →