The Bible Software
bible.software › တမန်တော်ဝတ္ထု › တမန်တော်ဝတ္ထု 12 › တမန်တော်ဝတ္ထု 12:6

တမန်တော်ဝတ္ထု 12:6

ဟေ​ရုဒ်​မင်း​သည်​ပေ​တ​ရု​ကို​လူ​တို့​ရှေ့​သို့ ခေါ်​ထုတ်​စစ်​ဆေး​မည့်​နေ့​မ​ရောက်​မီ​ည​၌ ပေ​တ​ရု​သည်​စစ်​သား​နှစ်​ယောက်​၏​ကြား​တွင် အိပ်​ပျော်​လျက်​နေ​၏။ သူ့​ကို​သံ​ကြိုး​နှစ်​ချောင်း ဖြင့်​ချည်​နှောင်​ထား​၏။ ထောင်​တံ​ခါး​ရှေ့​တွင်​လည်း အ​စောင့်​တပ်​သား​များ​သည်​စောင့်​ကြပ်​လျက် ရှိ​ကြ​၏။-

Common Language Bible

In The King James Version

And when Herod would have brought him forth, the same night Peter was sleeping between two soldiers, bound with two chains: and the keepers before the door kept the prison.

In Context

5သို့​ဖြစ်​၍​ပေ​တ​ရု​သည်​ထောင်​ထဲ​မှာ​အ​ကျဉ်း ချ​ထား​ခြင်း​ကို​ခံ​ရ​၏။ သို့​သော်​အ​သင်း​တော် ဝင်​အ​ပေါင်း​တို့​သည်​ပေ​တ​ရု​၏​အ​တွက် စိတ် အား​ထက်​သန်​စွာ​ဘု​ရား​သ​ခင်​ထံ​ဆု​တောင်း ပတ္ထ​နာ​ပြု​လျက်​နေ​ကြ​၏။

7ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် ပေ​တ​ရု​အ​နီး​တွင်​ရုတ်​တ​ရက်​ပေါ်​လာ​၍ အ​ချုပ်​ခန်း​သည်​ထွန်း​လင်း​လျက်​နေ​၏။ ကောင်း ကင်​တ​မန်​သည်​ပေ​တ​ရု​၏​ပ​ခုံး​ကို​ပုတ်​၍ ``မြန်​မြန်​ထ​လော့'' ဟု​ဆို​ကာ​နှိုး​၏။ ထို​အ​ခါ သံ​ကြိုး​တို့​သည်​ပေ​တ​ရု​၏​လက်​မှ​ကျွတ် ကျ​၏။-

Read all of တမန်တော်ဝတ္ထု 12

Cross References

Genesis 22:14အာ​ဗြ​ဟံ​သည်​ထို​အ​ရပ်​ကို``ထာ​ဝ​ရ​ဘု​ရား ပြင်​ဆင် ပေး​သည်'' ဟု​သ​မုတ်​လေ​၏။ ယ​နေ့​ထက်​တိုင်​လူ တို့​က``တောင်​ပေါ်​မှာ​ထာ​ဝ​ရ​ဘု​ရား​ပြင်​ဆင် ပေး​လိမ့်​မည်'' ဟူ​၍​ပြော​ဆို​လေ့​ရှိ​ကြ​၏။

1 Samuel 23:26ရှော​လု​နှင့်​တပ်​သား​များ​က​တောင်​တစ်​ဘက် တွင်​ရှိ​၍ ဒါ​ဝိဒ်​နှင့်​အ​ပေါင်း​ပါ​တို့​က​အ​ခြား တစ်​ဘက်​တွင်​ရှိ​ကြ​၏။ ရှော​လု​နှင့်​တပ်​သား တို့​သည်​ဒါ​ဝိဒ်​တို့​လူ​စု​အား​ဖမ်း​မိ​ခါ​နီး ပြီ​ဖြစ်​၍ ဒါ​ဝိဒ်​တို့​လူ​စု​သည်​လွတ်​မြောက် ရန်​ကြိုး​စား​နေ​စဉ်၊-

Psalms 4:8ကျွန်​တော်​မျိုး​သည်​လဲ​လျောင်း​လိုက်​သော​အ​ခါ ငြိမ်​သက်​စွာ​အိပ်​ပျော်​သွား​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သာ​လျှင်​ကျွန်​တော်​မျိုး​အား​လုံ​ခြုံ​စွာ နေ​နိုင်​ခွင့်​ကို​ပေး​တော်​မူ​ပါ​၏။

Jeremiah 40:4ယ​ခု​သင်​၏​လက်​ကောက်​ဝတ်​မှ​သံ​ကြိုး​များ ကို​ငါ​ဖြုတ်​ပေး​မည်။ သင်​သည်​ငါ​နှင့်​အ​တူ ဗာ​ဗု​လုန်​မြို့​သို့​လိုက်​လို​က​လိုက်​ပါ​လော့။ သင့်​အား​ကောင်း​စွာ​ငါ​ကြည့်​ရှု​ပါ​မည်။ သင် မ​လိုက်​လို​လျှင်​နေ​နိုင်​ပါ​သည်။ တစ်​ပြည် လုံး​မှ​သင်​ကြိုက်​ရာ​အ​ရပ်​သို့​သင်​သွား နိုင်​သည်'' ဟု​ပြော​၏။

Acts 5:23``အ​ကျဉ်း​ထောင်​တံ​ခါး​သည်​သေ​ချာ​စွာ​ပိတ် လျက်​ရှိ​သည်​ကို​လည်း​ကောင်း၊ ထောင်​စောင့်​တို့ သည်​လည်း​တံ​ခါး​ပြင်​တွင်​ရပ်​လျက်​ရှိ​သည် ကို​လည်း​ကောင်း အ​ကျွန်ုပ်​တို့​တွေ့​ပါ​၏။ သို့​ရာ တွင်​တံ​ခါး​ကို​ဖွင့်​လိုက်​သော​အ​ခါ အ​တွင်း တွင်​မည်​သူ့​ကို​မျှ​မ​တွေ့​ရ​ပါ'' ဟု​လျှောက် ထား​ကြ​၏။-

Acts 28:20သို့​ဖြစ်​၍​သင်​တို့​နှင့်​တွေ့​ဆုံ​ခွင့်​ကို​တောင်း​ခံ ခဲ့​ခြင်း​ဖြစ်​သည်။ ငါ​သည်​ဤ​သံ​ကြိုး​များ ဖြင့်​အ​ချည်​အ​နှောင်​ခံ​ရ​သည်​မှာ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​မျှော်​လင့်​စောင့်​စား​လျက်​နေ ကြ​သည့်​အ​ရှင်​၏​အ​တွက်​ကြောင့်​ပင်​ဖြစ်​သည်'' ဟု​ဆို​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study တမန်တော်ဝတ္ထု 12:6

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesJohn LightfootGeneva Bible Notes (1599)
← တမန်တော်ဝတ္ထု 12:5တမန်တော်ဝတ္ထု 12တမန်တော်ဝတ္ထု 12:7 →