တမန်တော်ဝတ္ထု 13:24
ထိုအရှင်အမှုတော်ကိုစတင်၍ဆောင်ရွက် တော်မမူမီယောဟန်သည် ဣသရေလအမျိုး သားအပေါင်းတို့အား `နောင်တရ၍ဗတ္တိဇံ မင်္ဂလာကိုခံကြလော့' ဟုဟောပြော၏။-
Common Language Bible
In The King James Version
In Context
Cross References
Mark 1:2ပရောဖက်ဟေရှာယကျမ်းတွင်၊ ``ဘုရားသခင်က နားထောင်ကြလော့။ ငါသည်သင်၏လမ်းကိုအဆင်သင့်ဖြစ်စေရန် ငါ၏တမန်ကိုသင့်အလျင်စေလွှတ်မည်။
Luke 3:2အန္နနှင့်ကယာဖတို့သည်ကားယဇ်ပုရောဟိတ် မင်းများဖြစ်ကြ၏။ ထိုအခါတောကန္တာရ၌ရှိ သောဇာခရိ၏သားယောဟန်သည် ဘုရားသခင် ၏ဗျာဒိတ်တော်ကိုခံရ၏။-
John 1:15ကိုယ်တော်၏အကြောင်းကိုယောဟန်ဟောပြော၏။ ယောဟန်က ``ငါ၏နောက်ကြွလာသူသည်ငါ မမွေးမီကပင်ရှိနေနှင့်သဖြင့်ငါ့ထက်ကြီး မြတ်သူဖြစ်သည်ဟုငါသက်သေခံခဲ့သူကား ဤအရှင်ပင်တည်း'' ဟုကြွေးကြော်လေသည်။
John 5:33သင်တို့သည်ယောဟန်၏ထံသို့စေတမန်များ စေလွှတ်ခဲ့ကြ၏။ သူသည်သမ္မာတရားဘက် ကသက်သေခံ၏။-
Acts 10:37ဗတ္တိဇံတရားကိုယောဟန်ဟောပြောပြီးသည့် နောက် ဂါလိလဲပြည်မှအစပြု၍ ယုဒပြည် တစ်လျှောက်လုံးတွင်ဖြစ်ပျက်ခဲ့သည့်အမှု အရာများအကြောင်းကိုလည်းကောင်း၊-