တမန်တော်ဝတ္ထု 14:2
သို့သော်မယုံကြည်သည့်ယုဒအမျိုးသား များသည် လူမျိုးခြားတို့အားညီအစ်ကိုတို့ ကိုမနာလိုစိတ်ရှိစေရန်ဆွပေးကြ၏။-
Common Language Bible
In The King James Version
In Context
Cross References
Mark 15:10ထိုသို့မေးသည့်အကြောင်းမှာယဇ်ပုရောဟိတ် ကြီးတို့သည် သခင်ယေရှုအားမနာလိုသဖြင့် မိမိထံသို့ပို့အပ်ကြကြောင်းကိုသိသော ကြောင့်ဖြစ်၏။
Acts 13:45သို့သော်ယုဒအမျိုးသားတို့သည်လူပရိသတ် ကိုမြင်သောအခါ မနာလိုစိတ်ရှိသဖြင့် ပေါလု ဟောပြောသောစကားများကိုငြင်းခုံကာပုတ် ခတ်ပြောဆိုကြ၏။-
Acts 14:19သို့ရာတွင်ယုဒအမျိုးသားအချို့သည်အန္တိ အုတ်မြို့နှင့်ဣကောနိမြို့တို့မှရောက်လာကြ ပြီးလျှင် လူပရိသတ်တို့ကိုမိမိတို့ဘက်သို့ ပါအောင်ဆွဲဆောင်ကြ၏။ ထိုနောက်ပေါလုကို ခဲဖြင့်ပေါက်၍ သေလုပြီဟုထင်သဖြင့်မြို့ ပြင်သို့ဆွဲထုတ်သွားကြ၏။-
Acts 17:13ဗေရိမြို့တွင်ဘုရားသခင်၏နှုတ်ကပတ်တရား တော်ကိုပေါလုဟောပြောလျက်ရှိကြောင်းကို သက်သာလောနိတ်မြို့မှယုဒအမျိုးသားတို့ သည်ကြားသိကြသောအခါ ဗေရိမြို့သို့လာ ၍လူတို့အားဆူပူအောင်လှုံ့ဆော်ပေးကြ၏။-
Acts 21:27ခုနစ်ရက်ကာလကုန်ဆုံးချိန်နီးသောအခါ အာရှနယ်မှယုဒအမျိုးသားအချို့တို့သည် ပေါလုကိုဗိမာန်တော်တွင်တွေ့မြင်ကြ၏။ သူ တို့သည်လူပရိသတ်တို့အားဆွပေးပြီးလျှင် ပေါလုကိုဖမ်းဆီးကြ၏။-