တမန်တော်ဝတ္ထု 14:1
ဣကောနိမြို့တွင်လည်းပေါလုနှင့်ဗာနဗ သည် ယုဒအမျိုးသားတို့၏တရားဇရပ်သို့ ဝင်၍ဟောပြောသွန်သင်ကြရာ ယုဒအမျိုး သားနှင့်လူမျိုးခြားအမြောက်အမြားသည် ယုံကြည်ကြ၏။-
Common Language Bible
In The King James Version
In Context
Cross References
John 7:35ယုဒအာဏာပိုင်တို့က ``ငါတို့ရှာ၍မတွေ့စေရန် သူသည်အဘယ်အရပ်သို့သွားပါမည်နည်း။ ယုဒ အမျိုးသားတို့နေထိုင်ရာဂရိမြို့များသို့သွား၍ ဂရိအမျိုးသားတို့အားဟောပြောသွန်သင်ပါ မည်လော။-
Acts 9:20တရားဇရပ်များသို့ချက်ချင်းသွားရောက် ၍ သခင်ယေရှုသည်ဘုရားသခင်၏သား တော်ဖြစ်ကြောင်းဟောပြောလေ၏။
Acts 13:5သူတို့သည်ရှာလမိမြို့သို့ရောက်သောအခါ တရားဇရပ်များတွင်ဘုရားသခင်၏နှုတ် ကပတ်တရားတော်ကိုဟောပြောကြ၏။ ယောဟန်မာကုသည်သူတို့၏လက်ထောက် အဖြစ်ကူညီဆောင်ရွက်၏။
Acts 13:46ပေါလုနှင့်ဗာနဗတို့ကယခင်ကထက်ပိုမို ရဲရင့်စွာဟောကြားသည်မှာ ``ငါတို့သည်ဘုရား သခင်၏နှုတ်ကပတ်တရားတော်ကို သင်တို့အား ဦးစွာပထမဟောပြောရပေမည်။ သို့ရာတွင် သင်တို့သည်ထိုတရားတော်ကိုပစ်ပယ်ကာ မိမိ တို့ကိုယ်ကိုထာဝရအသက်နှင့်မထိုက်မတန် သူများဖြစ်သည်ဟုစီရင်ကြသောကြောင့် ငါတို့ သည်သင်တို့ထံမှထွက်ခွာ၍လူမျိုးခြားတို့ ထံသို့သွားကြပါမည်။-
Acts 14:2သို့သော်မယုံကြည်သည့်ယုဒအမျိုးသား များသည် လူမျိုးခြားတို့အားညီအစ်ကိုတို့ ကိုမနာလိုစိတ်ရှိစေရန်ဆွပေးကြ၏။-
Acts 16:1ပေါလုသည်ဒေရဗေမြို့နှင့်လုတ္တရမြို့သို့ရောက် ရှိလာ၏။ လုတ္တရမြို့တွင်တိမောသေနာမည်ရှိ သောတပည့်တော်တစ်ဦးရှိ၏။ သူ၏မိခင်သည် ယုံကြည်သူယုဒအမျိုးသမီးဖြစ်သော်လည်း သူ၏ဖခင်မှာဂရိအမျိုးသားဖြစ်၏။-