တမန်တော်ဝတ္ထု 15:16
`ငါ၏နာမတော်ဖြင့်ခေါ်ဝေါ်ခြင်းခံရသူ လူမျိုးခြားနှင့်လူမျိုးရှိသမျှတို့သည် ငါ့ထံလာစိမ့်သောငှာနောက်မှငါပြန်လာမည်။ ပြိုကျလျက်ရှိသောဒါဝိဒ်၏နိုင်ငံကို ငါပြန်၍တည်ဆောက်မည်။ ပျက်စီးယိုယွင်းနေသည်တို့ကိုအသစ်ပြုပြင်၍ ထိုနိုင်ငံကိုတစ်ဖန်ခိုင်ခံ့စေမည်။
Common Language Bible
In The King James Version
In Context
Cross References
1 Kings 12:16မိမိတို့၏ပန်ကြားချက်ကို မင်းကြီးနားထောင် တော့မည်မဟုတ်ကြောင်းသိရှိကြသောအခါ လူ တို့က``ဒါဝိဒ်၌ငါတို့လူမျိုးတော်မရှိ။ ယေရှဲ ၏သား၌ငါတို့အမွေမရှိ။ အို ဣသရေလပြည် သူတို့၊ ငါတို့နေရပ်သို့ပြန်ကြကုန်အံ့။ အို ဒါဝိဒ်၊ သင်၏အိမ်ကိုပြန်ကြည့်လော့'' ဟုဟစ်အော်ကြ ကုန်၏။ သို့ဖြစ်၍ဣသရေလပြည်သူတို့သည်ပုန်ကန် ကြ၏။-
Isaiah 9:6ငါတို့အဖို့သူငယ်ကိုဖွားမြင်၏။ ငါတို့အားသားကိုပေးသနားတော်မူပါ၏။ သူသည်ငါတို့ကိုအုပ်စိုးလိမ့်မည်။ ``သူ၏နာမတော်ကိုအံ့သြဖွယ်၊'' ``တိုင်ပင်ဘက်'' ``တန်ခိုးကြီးသောဘုရား'' ``ထာဝရအဖ'' ``ငြိမ်းချမ်းရေးအရှင်'' ဟူ၍နာမည်တွင် လိမ့်မည်။
Amos 9:11ထာဝရဘုရားက``ပြိုပျက်နေသောအိုးအိမ် ပမာဖြစ်နေသည့်ဒါဝိဒ်နိုင်ငံကို ငါသည်ပြန် လည်၍တည်ဆောက်သောအချိန်ရောက်လိမ့်မည်။ ကွဲအက်နေသောနံရံတံတိုင်းတို့ကိုငါပြန် ပြုပြင်မည်။ ရှေးအခါကတည်နေသကဲ့ သို့ငါပြန်လည်ထူထောင်မည်။-
Matthew 1:20ဤသို့အကြံရှိနေစဉ်သူသည်ထာဝရဘုရား ၏ကောင်းကင်တမန်တစ်ပါးကိုအိပ်မက်မြင်မက်၏။ ထိုကောင်းကင်တမန်က ``ဒါဝိဒ်၏သားမြေးယောသပ်၊ သင်သည်မာရိအားဇနီးအဖြစ်သိမ်းပိုက်ရမည်ကို မကြောက်နှင့်။ အဘယ်ကြောင့်ဆိုသော်သူ၏ဝမ်းတွင် ရှိသောပဋိသေနန္ဓကားသန့်ရှင်းသောဝိညာဉ်တော် ၏တန်ခိုးတော်အားဖြင့်ရသောပဋိသေနန္ဓဖြစ်၏။-
Luke 1:69ကိုယ်တော်၏အစေခံဒါဝိဒ်အမျိုးအနွယ်တွင် တန်ခိုးကြီးမားသော၊ကယ်တင်ရှင်ကို ပေါ်ထွန်းစေတော်မူပြီ။